ချင်းပြည်နယ်၊ ပလက်ဝမှာ တစ်လတွင်း ဒေါက်တာတစ်ဦးအပါအဝင် အရပ်သား ၂၀ နီးပါးကို အကြမ်းဖက် AA မှ ဖမ်းဆီး


(ပြည်တွင်း) အောက်တိုဘာ ၈

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ စက်တင်ဘာလအတွင်းက သွားဖက်ဆိုင်ရာ ဒေါက်တာတစ်ဦးအပါအဝင် အရပ်သား ၂၀ နီးပါးကို အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ AA က ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဖမ်းဆီးခံရတဲ့သူအများစုသည် CDF(ပလက်ဝ)၊ CNA ထောက်ပံ့တယ်ဆိုသော စွပ်စွဲချက်များနဲ့ AA တပ်ဖွဲ့ဝင် ၁ ဦးကို ရိုက်နှက်စွပ်စွဲချက်များဖြင့် အကြမ်းဖက် AA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

အကြမ်းဖက် AA အဖွဲ့ရဲ့ အဖမ်းခံရတဲ့ သူတွေအားလုံးဟာ သာမာန်အရပ်သားတွေဖြစ်ပြီး အကြမ်းဖက် AA အဖွဲ့ရဲ့ တစ်ဖက်သက် စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားတာ ဖြစ်ကြောင်း အဖမ်းခံရသူတွေနှင့် နီးစပ်တဲ့အသိုင်းအဝိုင်းထံမှ သိရသည်။

AA ရဲဘော်ကို ရိုက်နှက်တယ်ဆိုတာလည်း တကယ့်မြေပြင်မှာ အဲဒီလိုမဟုတ်ကြောင်း၊ AA ရဲဘော်တစ်ဦး သေလုမျော့ပါးမူးလဲနေတာကို ဒေသခံတွေကတွေ့ရှိပြီး ဆေးရုံပို့ပေးခဲ့တာဖြစ်ကြောင်း အဲဒါကို AA ရဲဘော်ကို ရိုက်နှက်တယ်ဆိုပြီး အောက်ဘလိုင်ရွာသား ၄ ဦးကို ရိုက်နှက်ကာ လက်ပြန်ကြိုးတုတ်ပြီး AA အဖွဲ့က ဖမ်းဆီးသွားတာဖြစ်ကြောင်း ဖမ်းဆီးခံရသူများနှဲ့နီးစပ်တဲ့ အသိုင်းဝိုင်းထံမှ သိရသည်။

ပလက်ဝမြို့နယ်မှာ အရပ်သားတွေကိုCDF၊ CNF ထောက်ခံအားပေးတယ်ဆိုပြီး အမျိုးမျိုးစွပ်စွဲကာ အကြမ်းဖက် AAအဖွဲ့က တောက်လျှောက်ဖမ်းဆီးမှုတွေရှိလာကြောင်း သိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN