မှန်လုံယာဉ် ပစ်ခတ်ခံရသဖြင့် ခရီးသွားပြည်သူများ ဒဏ်ရာရရှိ


(ပြည်တွင်း) အောက်တိုဘာ ၈

ထားဝယ်မြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာသော ရွှေစင်စင်္ကြာခရီးသည်တင်မှန်လုံယာဉ်အား အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များမှ အကြောင်းမဲ့ပစ်ခတ်သဖြင့် ခရီးသည်တစ်ဦးကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အောက်တိုဘာလ ၇ ရက်နေ့ နံနက် ၁၀ ၄၅ မိနစ်အချိန်ခန့်တွင် သံဖြူဇရပ်မြို့နယ်၊ ဝဲခမိကျေးရွာအုပ်စု၊ အေးကမ္ဘာကျေးရွာအနီး ရေး-သံဖြူဇရပ် ကားလမ်းမပေါ်သို့ရောက်ရှိနေသော KNU/PDF အကြမ်းဖက်သောင်းကျန်းသူများအဖွဲ့မှ အဆိုပါမော်တော်ယာဥ်အား စစ်ဆေးရန် ရပ်တန့်ခိုင်းခဲ့ရာ ရပ်တန့်ခြင်းမရှိသည့်အတွက် လက်နက်ငယ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက်သောင်းကျန်းသူများ၏ပစ်ခတ်မှုကြောင့် ယာဥ်ပေါ်ပါ ခရီးသည် ကျား(၃)ဦး၊ မ(၃)ဦး၊ ပေါင်း(၆)ဦးအနက် မနွယ်ရီလင်း (၃၀)နှစ်၊(ဘ)ဦးခင်ထွန်း၊ ကော့မူးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၏ ဝဲဘက်ပေါင်ရင်း လက်နက်ငယ်ကျည်တစ်ချက်ဖောက် ဝင်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိပြီး ရေးမြို့နယ်၊ လမိုင်းမြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် သံဖြူဇရပ်မြို့ပြည်သူ့ဆေးရုံသို့ တင်ပို့ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN