တောင်ကိုရီးယားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတိုက နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအဖြစ် တိုးမြှင့်


(နိုင်ငံတကာ) အောက်တိုဘာ ၈

တောင်ကိုရီးယားနိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတိုက နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေးအဖြစ် တိုးမြှင့်ကြောင်း၊ ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကိုစ် ဂျူနီယာက ပြောသည်။

ဖာဒီနန် မားကိုစ် ဂျူနီယာသည် ဖိလစ်ပိုင်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော တောင်ကိုရီးယားသမ္မတ ယွန်ဆက်ယိုနှင့် အောက်တိုဘာလ ၇ ရက်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုကဲ့သို့ ထုတ်ဖော်ပြောလာခြင်း ဖြစ်သည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် တောင်တရုတ်ပင်လယ်အရေး၊ ကိုရီးယားကျွန်းဆွယ်အရေးတိုနှင့်ပတ်သက်၍ ဆွေးနွေးပြီး နှစ်နိုင်ငံကြား ကမ်းခြေစောင့်တပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်မှုနှင့် နျူကလီးယားစွမ်းအင်ကိစ္စတို့အတွက် အပြန်အလှန် နားလည်မှုသဘောတူစာချုပ်ကို လက်မှတ်ထိုးသည်။

ထို့ပြင် တောင်ကိုရီးယားနိုင်ငံသည် နှစ်နိုင်ငံကြား လုံခြုံရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန် အကောက်အထည်ဖော်သွားမည်ဖြစ်ပြီး ဖိလစ်ပိုင် တပ်မတော်အဆင့်မြှင့်တင်မှုတွင် တောင်ကိုရီးယားကလည်း ပါဝင်သွားမည်ဖြစ်ကြောင်း ယွန်ဆက်ယိုက ပြောသည်။

တောင်ကိုရီးယား သမ္မတ ယွန်ဆက်ယိုသည် အရှေ့တောင်အာရှနိုင်ငံများသို ချစ်ကြည်ရေးခရီးထွက်နေခြင်းဖြစ်ပြီး အောက်တိုဘာလ ၈ ရက်နှင့် ၉ ရက်တို့တွင် စင်ကာပူနိုင်ငံသို့ သွားမည်ဖြစ်သည်။

ထို့နောက် လာအိုနိုင်ငံသို့ ဆက်လက်သွားရောက်ပြီး အာစီယံနှင့် အာရှဒေသ ခေါင်းဆောင်များ ထိပ်သီးညီလာခံသို့ သွားရောက်မည်ဖြစ်ကြောင်း RTA သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN