အောက်တိုဘာလ ၇ ရက်နှစ်ပတ်လည်နေ့တွင် ဂါဇာကမ်းမြောင်မှ အစ္စရေးသို ဒုံးကျည် လေးစင်းပစ်ခတ်ခဲ့


(နိုင်ငံတကာ) အောက်တိုဘာ ၈

ဟားမတ်စ် က အစ္စရေးကို တိုက်ခိုက်မှုတစ်နှစ်ပြည့်မြောက်သည့် အောက်တိုဘာလ ၇ ရက်နှစ်ပတ်လည် နေ့တွင် ဂါဇာကမ်းမြောင်မှ နေ၍ အစ္စရေးသို့ ဒုံးကျည်လေးစင်းပစ်ခတ်ကြောင်း သိရသည်။

ဒေသစံတော်ချိန် နံနက် ၆ နာရီ ၃၁ မိနစ်တွင် ဂါဇာကမ်းမြောင်ဒေသအနီးရှိ အစ္စရေးနယ်မြေများ၌ ဒုံးကျည်အချက်ပေးသံများ မြည်လာပြီး နောက် ထိုကမ်းမြောက်ဒေသ တောင်ပိုင်းမှ အစ္စရေးနိုင်ငံထဲသို့ ဒုံးကျည်လေးစင်းဖြတ်ကျော်လာကြောင်း အစ္စရေး စစ်ဘက်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဒုံးကျည်များအနက် သုံးစင်းကို ကြားဖြတ်ပစ်ချလိုက်နိုင်သော်လည်း တစ်စင်းမှာမူ လူသူကင်းဝေး ရာ နေရာသို့ကျရောက်ပေါက်ကွဲသွားကြောင်း ထုတ်ပြန်ချက် တွင် ဆက်လက်ဖော်ပြထားသည်။

ဟားမတ်စ်အဖွဲ့ က အစ္စရေးနိုင်ငံတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ကြောင်း၊ အဓိကအားဖြင့် ရန်သူများ စုဝေးရာနေရာများကို ပစ်ခတ်ခြင်းဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

အလားတူ အစ္စရေးကလည်း ဟားမတ်စ်အဖွဲ့၏မြေပေါ်၊ မြေ အောက်ရှိ စခန်းများကို ချေမှုန်းလိုက်ကြောင်း ထုတ်ပြန်ထားသည်ဟု RTA သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram»…
https://t.me/positiveanglenews

PAN