ပဲခူးမြို့ရှောင်လမ်းတွင် ဆီသယ်ယာဉ်မှ မြို့အဝင် လမ်းဘေးရှိ လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိမှုဖြစ်ပွား


(မှုခင်း) အောက်တိုဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ မြို့ရှောင်လမ်းဆုံအနီးတွင် ဆီသယ်ယာဉ်တစ်စီးမှ လမ်းဘေးရှိ မြို့ဝင်လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိမှု တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ အောက်တိုဘာ ၇ ရက်နေ့ ည ၁၁ နာရီအချိန်ခန့်က ရန်ကုန်မမြို့မှ ပင်းတယဘက်သို့သွားရန် ဦးတည်မောင်းနှင်လာသော ဓါတ်ဆီ(၆၅၀၀)၊ ဒီဇယ်(၁၀၀၀)ဂါလံ တင်ဆောင်လာသော ဆီသယ်ယာဉ်တစ်စီးသည် မောင်းနှင်လာဥ် အရှိန်မထိန်းနိုင်ပဲ အနီးရှိ မြို့အဝင်လမ်းလယ်ကျွန်းအား ဝင်ရောက်တိုက်မိရာမှ တိမ်းစောင်းမှု ဖြစ်ပွားခဲ့သဖြင့် နယ်မြေခံမီးသတ်တပ်ဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် အအေးပေးခြင်း ၊ မီးလောင်မှုမဖြစ်ပွားစေရန်တို့ကို အရေးပေါ် ဆောင်ရွက်ခဲ့ရကြောင်းသိရပြီး ဖြစ်စဥ်ကြောင့်ယာဥ်နှင့်လမ်း လယ်ကျွန်းမှာ ပျက်ဆီးခဲ့ရကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN