နေပြည်တော် သုခတော်ဝင်အိမ်ရာ တိုက်ခန်းအတွင်း အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရ


(မှုခင်း) အောက်တိုဘာ ၇

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ သုခသိဒ္ဓိရပ်ကွက်၊ သုခတော်ဝင်အိမ်ရာ၊ တိုက်အမှတ်(K-1)၊ အခန်း (၁၃)တွင် ယနေ့နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ခန့်က အမျိုးသမီးတစ်ဦးအားသတ်ဖြတ်ပြီး ပစ္စည်းများလုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။

သေဆုံးသူအမျိုးသမီးသည် အသက် ၆၁ နှစ်အရွယ် ရှိပြီး သံဃာတော်များကို နေ့စဉ် ဆွမ်းလောင်းနေကြဖြစ်ကြောင်း ဒီနေ့မှာ နေ့ဆွမ်းလောင်းဖို့ ဆင်းမလာသဖြင့် တိုက်အမှတ် (K1)မှ အတူနေ အမျိုးသမီးတစ်ဦးမှ အဆိုပါ အခန်း(၁၃)တိုက်ခန်းတံခါးအား သွားရောက်ဖွင့်လှစ်ခဲ့ရာမှာ သေဆုံးလျက်တွေ့ရှိရကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးသည် တိုက်ခန်းအဝင် ဧည့်ခန်းကြမ်းပြင်တွင် ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ယာဘက်နံကြား ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲဘက်နံကြား ထိုးသွင်း ဒဏ်ရာ ၁ ချက်တို့ဖြင့် ပက်လက်အနေအထားဖြင့် သေဆုံးနေကြောင်း သိရသည်။

သေဆုံးသွားသူအမျိုးသမီးသည် ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ဇာတိဖြစ်ပြီး သုခတော်ဝင်အိမ်ရာအတွင်းရှိ ၎င်းပိုင်ဆိုင်သည့် တိုက်ခန်းများကို ငှားရမ်းလုပ်ကိုင်သူ ဖြစ်ကာ တိုက်အမှတ်(K-1)၊ အခန်း(၁၃)တွင် တစ်ဦးတည်း နေထိုင်သူဖြစ်ကြောင်းသိရပြီး အဆိုပါအမျိုးသမီး၏ ရုပ်အလောင်းအား နေပြည်တော်ပြည်သူ့ ဆေးရုံကြီး(ခုတင်-၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ပြစ်မှုကျူးလွန်သူတရားခံအား ဖမ်းဆီးရမိရေး သက်ဆိုင်ရာတာဝန်ရှိသူများမှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN