ဟားမတ်စ်က အစ္စရေးမြို့တော်သို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်


(နိုင်ငံတကာ) အောက်တိုဘာ ၇

ဂါဇာကမ်းမြောင်ဒေသအတွင်းမှ ဒုံးကျည်များ ပစ်လွှတ်ခဲ့ပြီးနောက် အစ္စရေးနိုင်ငံ၏မြို့တော် တဲလ်အဗီမြို့လယ်တွင် လေကြောင်းတိုက်ခိုက်မှု အချက်ပေးသံများ စွာထွက်ပေါ်ခဲ့ကြောင်းသိရသည်။

ဟားမတ်စ်အဖွဲ့သည် အစ္စရေးနိုင်ငံအတွင်း ဝင်ရောက်တိုက်ခိုက်မှု တစ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ် ပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အစ္စရေးမီဒီယာများ ရေးသား လျက်ရှိသည်။

ဂါဇာကမ်းမြောင်ဒေသမှ ဒုံးကျည်အများအပြား ပစ်လွှတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်မှ အတည်ပြုထားသော်လည်း ထိခိုက်မှုအသေးစိတ်ကို ထုတ်ပြန်ခြင်း မရှိကြောင်းသိရသည်။

မီဒီယာများ၏ ရေးသားချက်များအရ ဟားမတ်စ်အဖွဲ့၏ ယခုတိုက်ခိုက်မှုသည် ဒုံးကျည် ၅ စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ပြီး လူနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN