မူဆယ်မြို့နယ်တွင် လက်နက်ကိုင်အဖွဲ့၏ လက်နက်ခဲယမ်းများအား ဖော်ထုတ်သိမ်းဆည်းရမိ


(ပြည်တွင်း) အောက်တိုဘာ ၆

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ မင်္ဂလာမူဆယ်အိမ်ရာအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီး ထွက်ပြေးလွတ်မြောက်သွားသည့် လက်နက်ကိုင်အဖွဲ့၏ လက်နက်များအား အောက်တိုဘာလ ၅ ရက်က ဖော်ထုတ်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

မင်္ဂလာမူဆယ်အိမ်ရာအတွင်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ထွက်ပြေးလွတ်မြောက်သွားသည့် လက်နက်ကိုင်အဖွဲ့၏ လက်နက်များအား ဟိုဆောင်နယ်မြေ၊ တော်ရွက်ရပ်ကွက်ရှိ လမ်းဘေးတွင် ဝှက်ထားကြောင်း တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းခဲ့ရာ လမ်း၏ မီတာ ၉၀ ခန့်အကွာ ခြုံပုတ်အတွင်း၌ ဆာလာအိတ် ၂ အိတ်ဖြင့် ဝှက်ထားသော လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖော်ထုတ်သိမ်းဆည်းရမိခဲ့သော လက်နက်များမှာ လက်နက် ၆ လက် ပွိင့်(၄၅) ပစ္စတို ၁ လက်၊ အမ်(၄) ကာဘိုင် ၁ လက်၊ ပွိင့်(၃၈၀) ၁ လက်၊ ပွိင့်(၂၂) ၁ လက်၊ အမ်(၂၁) ၁ လက်၊ ၁၂ ဘိုးလ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ လက်ပစ်ဗုံး ၁ လုံးတို့ဖြစ်ကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN