တောင်ငူမြို့နယ်တွင် အကြမ်းဖက်သမားများမှ လူမူအကျိုးပြုလုပ်ငန်းများအား ဦးဆောင်နေသော ပြည်ခိုင်ဖြိုးပါတီဝင်များအား ကြိုးတုပ်၍ သေနတ်ဖြင့် ပစ်သတ်


(ပြည်တွင်း) အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်တွင် အကြမ်းဖက် PDF အဖွဲ့များမှ ပြည်ခိုင်ဖြိုးပါတီ၏ ကျေးရွာအုပ်စုခေါင်းဆောင်နှင့် ဇနီးဖြစ်သူ၊ ကျေးရွာရာအိမ်မှူးတို့အား အင်အားသလက်နက်ပြ အနိုင်ကျင့်၍လက်ပြန်ကြိုးတုပ်ကာ ဖမ်းဆီးသွားပြီး လူသွားလမ်းပေါ်၌ သေနတ်ဖြင့်ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာအောက်တိုဘာလ (၅)ရက်နေ့ ည (၁၁)နာရီအချိန်ခန့်က တောင်ငူမြို့နယ်၊ ကမ်းနီကျေးရွာအုပ်စု၊ ကရင်နီကုန်းကျေးရွာနေ ရာအိမ်မှူး ဦးမျိုးမင်း၊ အသက် ၅၀ နှစ် ၊ ကျောက်တိုင်ကျေးရွာအုပ်စု၏ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးစိုးနိုင်၊ အသက် ၅၀ နှစ်နှင့် ဦးစိုးနိုင်၏ဇနီး ဒေါ်ဇင်မာထွေး၊ အသက် ၅၀ နှစ် ကရင်နီကုန်းကျေးရွာ နေသူ ၃ ဦး၏ နေအိမ်များသို့ အကြမ်းဖက် PDFအဖွဲ့ ၁၅ ဦးခန့် ရောက်ရှိလာပြီး ၃ ဦး စလုံးကို လက်နက်ပြ၍ခြိမ်းခြောက်ကာ ကြိုးများတုပ်၍ခေါ်ဆောင်သွားခဲ့ပြီး ကမ်းနီကျေးရွာနှင့် ကရင်နီကုန်းကျေးရွာ အကြားဆက်သွယ်ထားသော လူသွားလမ်းမပေါ်တွင်သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်သမားများ၏ သတ်ဖြတ်ခြင်းကိုခံခဲ့ရသူများသည် မိမိတို့၏ကျေးရွာအုပ်စုများတွင် လူမူပရဟိတလုပ်ငန်းများကို တက်ကြွစွာဦးဆောင်ပါဝင်ခဲ့သူများဖြစ်ပြီး ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေနှင့် အလှူရှင်များရရှိရေး၊ ရေဘေးကြောင့်ပျက်ဆီးခဲ့သော စာသင်ကျောင်းများအား ပြန်လည်ထူထောင်ရေးနှင့် သန့်ရှင်းရေးဆိုင်ရာ ကိစ္စရပ်များအား ဦးဆောင်နေသူများဖြစ်ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN