“နေမာ ကို ပြန်လည်ခေါ်ယူလိုတဲ့ ဘာစီလိုနာအသင်း”

(အားကစား) အောက်တိုဘာ ၆

ဘာစီလိုနာအသင်းက အသင်းကစားသမားဟောင်းဖြစ်တဲ့ ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာ ကို ပြန်လည်ခေါ်ယူရန် စီစဉ်နေတယ်လို့ သိရပါတယ်။

အသက် ၃၂ နှစ်အရွယ် နေမာ အနေနဲ့ လက်ရှိအချိန်မှာ ဆော်ဒီကလပ် အယ်လ်ဟီလာအသင်း၌ ကစားနေပြီး ဒဏ်ရာပြဿနာကြောင့် အနားယူနေရတာဖြစ်ပါတယ်။

လာမည့် ၂၀၂၅ နွေရာသီမှာ နေမာ နဲ့ အယ်လ်ဟီလာအသင်းတို့ရဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာ ဖြစ်လို့ ဘာစီလိုနာအသင်းက ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ရရှိနိုင်မည့် မျှော်လင့်ချက်ဖြင့် ပြန်လည်ခေါ်ယူရန် စီစဉ်နေတာဖြစ်ပါတယ်။

နေမာ ဟာ ဘာစီလိုနာအသင်း၌ ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ၄ နှစ်ကြာကစားခဲ့ပြီး ၂၀၁၇ နွေရာသီ အပြောင်းအရွှေ့ကာလတွင် အသင်း၏ဆန္ဒကိုဆန့်ကျင်ကာ PSG အသင်းထံသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

ဘာစီလိုနာအသင်းတွင် ကစားစဉ်က ခြေစွမ်းပြသနိုင်ခဲ့ပြီး အသင်းနှင့်အတူ ချန်ပီယံလိဂ်အပါအဝင် ဆုဖလား ၉ လုံးအထိ ရယူနိုင်ခဲ့သလို၊ ပြိုင်ပွဲစုံ ၁၇၃ ပွဲတွင် ၁၁၈ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

#PAN