ဟစ်ဇ်ဘိုလာထောက်လှမ်းရေးဌာနချုပ်ကို အစ္စရေးက လေကြောင်းတိုက်ခိုက်မှုပြုလုပ်


(နိုင်ငံတကာ) အောက်တိုဘာ ၆

အစ္စရေးတပ်မတော်သည် အောက်တိုဘာလ ၄ ရက်တွင် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ရှိ ဟစ်ဇ်ဘိုလာအုပ်စု ထောက်လှမ်းရေးဌာနချုပ်ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းသိရသည်။

လက်ရှိအချိန်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဟစ်ဇ်ဘိုလာအုပ်စု ထောက်လှမ်းရေးဌာနချုပ် အဆောက်အအုံ ထိခိုက်ပျက်စီးမှုကို အကဲဖြတ်ဆန်းစစ်နေဆဲဖြစ်ကြောင်း အစ္စရေးတပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အစ္စရေးတပ်မတော်အနေဖြင့် အောက်တိုဘာလ ၄ ရက် လေကြောင်းတိုက်ခိုက်မှုကို ဟစ်ဇ်ဘိုလာအုပ်စု၏ ခေါင်း‌ဆောင်သစ်ဖြစ်လာနိုင်ဖွယ်ရှိသူ ဟာရှန်ဆာဖီဒင် ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိအချိန်တွင် ဟာရှန်ဆာဖီဒင် ၏ အခြေအနေနှင့်ပတ်သက်၍ သဲသဲကွဲကွဲမသိရသေးကြောင်း သိရသည်။ လွန်ခဲ့သည့်ရက်သတ္တပတ်က အစ္စရေးတပ်မတော်သည် လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ လေကြောင်း တိုက်ခိုက်မှုတစ်ရပ်ပြုလုပ်ခဲ့ကာ ဟစ်ဇ်ဘိုလာအုပ်စုခေါင်းဆောင် နာဆရယ်လာ သေဆုံးခဲ့ရသည်။

လက်ရှိအချိန် တွင်လည်း အစ္စရေးတပ်မတော်သည် လက်ဘနွန်တောင်ပိုင်းဒေသများ၌ မြေပြင်စစ်ဆင်ရေးများပြုလုပ်၍ ဟစ်ဇ်ဘိုလာအဖွဲ့ကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN