AA ခန့် ပလက်ဝဆေးရုံတာဝန်ခံ ဆရာဝန်ဆိုသူ အပါအဝင် ချင်းအမျိုးသား ၃ ဦးကို AA ပြန်လည် ဖမ်းဆီး

(ပြည်တွင်း) အောက်တိုဘာလ ၃

အကြမ်းဖက်အုပ်စုဝင် ရခိုင်လက်နက်ကိုင်သောင်းကျန်းသူ (AA) ခန့်ထားသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ပလက်ဝဆေးရုံတာဝန်ခံ ဒေါက်တာအေးကျော်အပါအဝင် ချင်းအမျိုးသား ၃ ဦးကို AA မှ ပြန်လည်ဖမ်းဆီးလိုက်သည်ဟု သိရသည်။

ပြီးခဲ့သည့်လ စက်တင်ဘာလ ၂၉ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး “ဘာကြောင့် ဖမ်းဆီးခဲ့သည်ဆိုသည်ကို သေချာ မသိရသေးဘူး”ဟု ပလက်ဝ ဒေသခံများကပြောသည်။

ပလက်ဝဒေသခံတစ်ဦးဖြစ်သည့် ဒေါက်တာအေးကျော်ကို AA မှ မြို့အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသူဖြစ်ပြီး ပလက်ဝဆေးရုံတာဝန်ခံပါ ခန့်အပ်ထားခြင်းဖြစ်သည်။

ပြီးခဲ့သည့်လ စက်တင်ဘာလ (၁၇) ရက်နေ့တွင်လည်း ပလက်ဝမြို့နယ် ငရှားကျေးရွာမှ ဒေသခံ ၅ ဦး၊ ချင်းဒေါက်ကျေးရွာမှ ဒေသခံ ၂ ဦး နှင့် ရေချမ်းကျေးရွာမှ ဒေသခံ ၃ ဦး အပါအဝင် ပလက်ဝ ဒေသခံ ၁၀ ဦး ကို CDF – Paletwa ကိုထောက်ပံ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် AA မှဖမ်းဆီးခဲ့သည်ဟု သိရသည်။

#PAN