တစ်လနီးပါးကြာ လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သည့် ပင်လောင်း-နေပြည်တော်လမ်းပိုင်း ပြန်လည်သွားလာနိုင်

(ပြည်တွင်း) အောက်တိုဘာ ၄

       မိုးရွာသွန်းမှုများနှင့်အတူ မြေပြိုမှုများ ဖြစ်ပွားခဲ့တဲ့ ပင်လောင်း-ပေါင်းလောင်း-ကင်းသာ-နေပြည်တော် လမ်းပိုင်းမှာ စက်တင်ဘာလ ၂ ရက်ကစတင်ပြီး ယာဉ်များ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

      အဆိုပါလမ်းပိုင်းတွင် စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုမှတစ်ဆင့် နောက်ဆက် တွဲ မြေပြိုကျမှုများကြောင့် တစ်လနီးပါးကြာ သွားလာ ၍မရဘဲ၊ လမ်းပန်းဆက် သွယ်ရေးများ ပြတ်တောက်ခဲ့ရတာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့မှာ သြဂုတ်လ ၁ ရက်မှ စတင်ရွာသွန်းခဲ့သော မိုးရေချိန်က နှစ်ပေါင်း ၅၆ နှစ်တာကာလအတွင်း စံချိန်တင်မိုးရွာသွန်းမှုဖြစ်ပွားခဲ့‌တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်များအရ သိရပါတယ်။

      အဆိုပါလမ်းပိုင်း သွားလာရေးပြတ်တောက်ခဲ့တဲ့အတွက် ဒေသတွင်းစားသောက်ကုန်စည်များအပြင် လူသုံး ကုန်ပစ္စည်းများ ပြတ်လပ်ခဲ့ကာ ကုန်စျေးနှုန်းများမှာလည်း ယခင်စျေးနှုန်းထက် အဆမတန်မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။

#PAN