ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား လုပ်ကြံသတ်ဖြတ်နေသည့် PDF အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး ဖမ်းဆီးရမိ


(ပြည်တွင်း) အောက်တိုဘာ ၄

PDF အကြမ်းဖက်အဖွဲ့၌ ပါဝင်သူ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၆ လမ်း၊ ၈၇×၈၈ လမ်းကြားနေ ထက်ဟန်အား ယမန်နေ့မွန်းလွဲ ၃ နာရီမိနစ် ၃၀ အချိန်ခန့်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၎င်းသည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၃ ရက်နေ့တွင် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ဖွင့်လှစ်သည့် PDF အကြမ်းဖက်သင်တန်းအမှတ်စဉ်(၁၀)သို့ ၃ လခန့် တက်ရောက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် MDY PDF အကြမ်းဖက်အဖွဲ့မှ လက်လုပ်မိုင်းထုတ်လုပ်နေသည့် နမ့်ဆန်မြို့နယ်၊ကျောက်ဖြူကျေးရွာ အနီးရှိ မိုင်းထုတ်လုပ်ရေးစခန်းသို့ သွားရောက်ပြီး မိုင်းထုတ်လုပ်ရေးတာဝန်ခံ ဆရာကျောင်း(အမည်ရင်းမသိ)အဖွဲ့နှင့်အတူ လက်လုပ်မိုင်းများ ထုတ်လုပ်ခဲ့ကြောင်း၊၂၀၂၂ ခုနှစ်၊ မတ်လမှ ဧပြီလအထိ MDF PDF အကြမ်းဖက်အဖွဲ့၊ တပ်ရင်း(၆)မှ ဒုတိယခေါင်းဆောင် ကိုသက်(အမည်ရင်းမသိ)တို့ ဦးဆောင်၍ လက်လုပ်မိုင်းများ ပြုလုပ်ရန်အတွက် ယမ်းမှုန့်များအား “တပ်ကြပ်ကြီး”စခန်းမှ ဟိုမွန်ကျေးရွာရှိ TNLA အကြမ်းဖက်သောင်းကျန်းသူစခန်းသို့ သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ မတ်လတွင် ဆရာကျောင်း(အမည်ရင်းမသိ)၏ ခိုင်းစေချက်အရ ငဂျွန်(အမည်ရင်းမသိ)၊ မြင်းခြံခရိုင် PDF အကြမ်းဖက်အဖွဲ့၊ တပ်ရင်း(၄)မှ စိုးမင်းခန့်(ခ)ပက်စ်စီ၊ အမည်မသိ အမျိုးသား ၁ ဦး၊ KIA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့ထံသို့ PDF အကြမ်းဖက်သင်တန်းတက်ရောက်ပြီးသူ မော်ကြီး(အမည်ရင်းမသိ)တို့ ၄ ဦးနှင့် ချိတ်ဆက်ပူးပေါင်းပြီး အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်အား ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ၁၅ လမ်း၊ ၈၆×၈၇ လမ်းကြား၊ မီးသတ်ရုံးရှေ့တွင် ပစ္စတို ၂ လက်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် MDY PDF အကြမ်းဖက်အဖွဲ့မှ တာနော ဦးစီး အင်အား ၂၀၀ ခန့်နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ကိုထွန်းကျော်၏ လက်ထောက် ထူးအောင် ဦးစီး အင်အား ၁၅၀ ဦးခန့်၊ စုစုပေါင်းအင်အား ၃၅၀ ဦးခန့်ဖြင့် ဒိုးပင်ရဲစခန်းအား ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဒိုးပင်ကျေးရွာနေ ကျား ၁၇ ဦး၊ မ ၄ ဦး၊ စုစုပေါင်း ၂၁ ဦးနှင့် တပ်မတော်သား ၁ ဦး၊ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့အား ဓါးစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး တပ်မတော်သား ၁ ဦးနှင့် ရဲတပ်ဖွဲ့ဝင် ၂ ဦးတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းတို့ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

၎င်းအပြင် ၂၀၂၄ ခုနှစ်၊ မေလတွင် တပ်ကြပ်ကြီးစခန်းရှိ မြေအောက်ခန်းအတွင်း သိမ်းဆည်းထားသော လက်နက်ခဲယမ်းများအား တပ်မတော်နှင့် MDY PDF/TNLA ပူးပေါင်းအဖွဲ့တို့ အများဆုံးတိုက်ပွဲဖြစ်ပွားရာ ပန်ဟိုလေးကျေးရွာဝန်းကျင်၊ ဒိုးပင်ကျေးရွာဝန်းကျင်၊ သံဘိုကျေးရွာဝန်းကျင်၊ သုံးဆယ်ပေးကျေးရွာဝန်းကျင်များသို့ လက်နက်ခဲယမ်းများအား ဖြည့်တင်းပို့ဆောင်ပေးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၆ ရက်နေ့တွင် ဆရာကျောင်း(အမည်ရင်းမသိ)၏ ခိုင်းစေချက်အရ ၎င်းနှင့် အတူ ငဂျွန်(အမည်ရင်းမသိ)၊ စိုးမင်းခန့်(ခ)ပက်စ်စီ၊ အမည်မသိအမျိုးသား ၁ ဦး၊ မော်ကြီး(အမည်ရင်းမသိ)တို့ ၅ ဦးမှ အောင်မြေသာစံမြို့နယ်၊မေဃဂီရိ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဒေါဖြိုးသန္တာအောင် နှင့် ၎င်း၏ ညီမ(အမည်မသိ)တို့ ၂ ဦး မောင်းနှင်လာသည့် မော်တော်ယာဉ်နောက်သို့ လိုက်လံကြည့်ရှုပြီးနောက် ၁၈ လမ်းပေါ်အရောက်တွင် ၎င်းနှင့် စိုးမင်းခန့်(ခ)ပက်စ်စီတို့မှ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အထက်ပါ ပစ်မှုများကျူးလွန်ခဲ့သူ ထက်ဟန်(ခ)ထက်ယံ(ခ)မစ်ကီ၊ အသက် ၂၃ နှစ်၊ (ဘ)ဦးကျော်အောင်၊ “ပြည့်ဖြိုး” မုန့်တိုက်အရောင်းဝန်ထမ်း၊ ၁၆ လမ်း၊ ၈၇×၈၈ လမ်းကြား၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အောင်မြေသာစံမြို့နယ်နေသူအား အမှတ်(၄)နယ်မြေရဲစခန်းမှ (ပ)၁၀၁/၂၀၂၄၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ခ)/၅၁(ဂ)/၅၂(က)/၅၂(ခ)အရ အမှုဖွင့် အရေးယူထားကြောင်းနှင့် ကျန်ရှိသည့်တရားခံများ ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN