ဒုတိယဝန်ကြီး ဦးစိုးကြည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Ms. Hai Kyung Jun ကို လက်ခံတွေ့ဆုံ


(ပြည်တွင်း) အောက်တိုဘာလ ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးကြည်သည် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Ms. Hai Kyung Jun ဦးဆောင်သောအဖွဲကို ယမန်နေ့နံနက် ၁၁ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

တွေ့ဆုံစဉ် UNHCR အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး၏ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ သွားရောက်ခဲ့သည့် ခရီးစဉ် အတွင်း တွေ့ရှိချက်များ၊ လတ်တလော ရေကြီးရေလျှံမှုများကြောင့် ရေဘေးသင့်သူများအတွက် နိုင်ငံတော်နှင့် ဝန်ကြီးဌာနမှ ကူညီထောက်ပံ့ပေးလျက်ရှိမှုများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဝန်ကြီးဌာနနှင့် UNHCR တိုအကြား နားလည်မှုစာချွှန်လွှာ (MoU) လက်မှတ်ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိ သည့် အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံပွဲသို ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN