နိုင်ငံတကာဘောလုံးပွဲများတက်ရောက်ခွင့် ၆ လပိတ်ခံရတဲ့ အီတူး

(အားကစား) အောက်တိုဘာ ၃

      ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ကင်မရွန်းဘော လုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ အီတူး ကို နိုင်ငံတကာဘောလုံးပွဲများ တက်ရောက်ခွင့် ခြောက်လပိတ်ခဲ့တယ်လို့ သိရပါတယ်။

      ဘာစီလိုနာနှင့်ချဲလ်ဆီးတိုက်စစ်မှူးဟောင်းဖြစ်သူ အီတူး က FIFA ရဲ့ စည်းကမ်းပိုင်းဆိုင်ရာ အချက် အလက် နှစ်ခုကို ချိုးဖောက်ခဲ့တာကြောင့် အခုလိုအရေးယူခံခဲ့ရခြင်းဖြစ်ပါတယ်။ ယခုအရေးယူမှုဖြစ်စဉ်ကို FIFA က ရှင်းလင်းစွာ မဖော်ပြခဲ့ပေမယ့်  စက်တင်ဘာလ ၁၁ ရက်က ကိုလံဘီယာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကင်မရွန်း-ဘရာဇီးလ် ယူ-၂၀ အမျိုးသမီးကမ္ဘာ့ဖလား(၁၆)သင်းအဆင့်ပွဲစဉ်နှင့် ပတ်သက်နေတယ်လို့ သိရပါတယ်။

      အဆိုပါပွဲစဉ်မှာ ဘရာဇီးလ်အသင်း ချေပဂိုးရစေမည့် ပယ်နယ်တီပေးခဲ့ရမှုအပေါ် အီတူး ဦး ဆောင်တဲ့ ကင်မရွန်းအဖွဲ့က ကွင်းအတွင်းဝင်ရောက်ကာ ကန့် ကွက်ခဲ့ကြခြင်းဖြစ်ပါတယ်။ FIFA ရဲ့ထုတ်ပြန်ချက်မှာ စော်ကားတဲ့ အပြုအမူ၊ Fair play စည်းမျဉ်းများကို ချိုးဖောက်မှု၊ ကစားသမားများနှင့် တာဝန်ရှိသူများအပေါ် လက်မခံနိုင်တဲ့ အပြုအမူများနှင့် တုံ့ပြန်မှု စတဲ့အချက်များဖြင့် အရေးယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

      အသက် ၄၃ နှစ်အရွယ် အီတူး က သက်တမ်းအလိုက် လက်ရွေးစင်အသင်းရဲ့ ပွဲစဉ်များအပါ အဝင် ကင်မရွန်း အမျိုးသားနှင့် အမျိုးသမီးအသင်းများရဲ့ပွဲစဉ်များကို တက်ရောက်ခွင့်ပိတ်ပင်ခံခဲ့ရခြင်းဖြစ်ပြီး အဆိုပါပြစ်ဒဏ်ဟာ စက်တင် ဘာလ ၃၀ ရက်ကနေ စတင်သက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

#PAN