ကျပ်သိန်း ၅၀၀၀ အပါအဝင် ထီဆုမဲပေါင်း တစ်သောင်းကျော် ထုတ်ယူရန်ကျန်ရှိနေ


(ပြည်တွင်း) အောက်တိုဘာလ ၂

လစဉ်ထုတ်ပြန်ပေးလျက်ရှိတဲ့ အောင်ဘာလေသိန်းဆုထီဖွင့်ပွဲများမှ ထုတ်ယူရန်ကျန်ရှိနေတဲ့ ဆုမဲများတွင် ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု အပါအဝင် ထီဆုမဲပေါင်း ၁၃,၀၀၀ ကျော် ထုတ်ယူဖို့ ကျန်ရှိနေတယ်လို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲက ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ (၅၆)ကြိမ်မြောက် ကျပ် ၁၀၀၀ တန် အောင်ဘာလေ သိန်းဆု ထီဖွင့်ပွဲမှာ ဆုမဲပေါင်းတစ်သိန်းကျော် ခွဲဝေချီးမြှင့်ခဲ့ရာ ဆုမဲ ၁၃,၀၀၀ ကျော်ကို လက်ရှိအချိန်ထိ လာရောက် တောင်းခံတာ မရှိသေးတာ ဖြစ်ပါတယ်။

လာရောက်တင်ပြတောင်းခံတာမရှိသေးတဲ့ ဆုမဲတွေထဲမှာတော့ ကျပ်သိန်း ၅၀၀၀ တစ်ဆု၊ ကျပ်သိန်း ၂၀၀ နှစ်ဆု၊ ကျပ်သိန်း ၁၀၀ နှစ်ဆု၊ ကျပ်သိန်း ၅၀ နှစ်ဆု၊ ကျပ်သိန်း ၂၀ ဆု ခုနစ်ဆု၊ ကျပ် ၁၀ သိန်း သုံးဆု တိုပါဝင်နေကြောင်း ကြေညာချက်အရ သိရပါတယ်။

အဆိုပါ ဆုရလက်မှတ်တွေကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်အထိ ရန်ကုန်နဲ့ မန္တလေးမြို့တို့ရှိ အောင်ဘာလေသိန်းဆုဌာနခွဲရုံးတွေမှာ လာရောက်တင်ပြထုတ်ယူတာမရှိရင် အခွန်ဘဏ္ဍာအဖြစ် သိမ်းယူသွားမှာ ဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN