ရှမ်းပြည်နယ် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းငွေ ကျပ်သိန်းနှစ်သောင်းခန့်ရရှိ


(ပြည်တွင်း) အောက်တိုဘာလ ၂

ယာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ ရေကြီးမြေပြိုမှုဖြစ်စဉ်များအပြီးမှာ ရှမ်းပြည်နယ်တွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အလှူရှင်များ၏ လှူဒါန်းမှုမှာ စက်တင်ဘာလ ၂၁ ရက်မှ ၃၀ ရက် အထိ လှူဒါန်းငွေ ကျပ်သိန်းပေါင်း ၁၉,၃၃၀ ရရှိထားကြောင်း သိရပါတယ်။

အဆိုပါလှူဒါန်းငွေများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများမှ လက်ခံလျက်ရှိရာ စက်တင်ဘာလ ၃၀ ရက်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံးဧည့်ခန်းမ၌ ပြုလုပ်ကျင်းပသည့် အလှူငွေပေးအပ်လှူဒါန်းပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့ တက်ရောက်၍ လက်ခံရယူခဲ့ပါတယ်။

လက်ရှိတွင် ရေဘေးသင့်ပြည်သူများကို သက်ဆိုင်ရာဒေသများ၌ ကယ်ဆယ်ရေးစခန်းများဖွင့်လှစ်၍ နေထိုင် စားသောက်ရေးကိစ္စရပ်များ၊ ကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လူမှုရေး အဖွဲ့အစည်းများ၊ စေတနာရှင်/အလှူရှင်များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

ယာဂီ မုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရကာ နိုင်ငံတစ်ဝန်း၌ ‌သေဆုံးသူ ၄၃၃ ဦးနှင့် ပျောက်ဆုံးသူ ၇၉ ဦးရှိပြီး အဆောက်အအုံ ၅,၆၀၀ ကျော် ပျက်စီးခဲ့ကြောင်း စက်တင်ဘာလ နောက်ဆုံးပတ်တွင် နစက သတင်းထုတ်ပြန်ရေးအဖွဲက ထုတ်ပြန်အသိပေးထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN