ရှီဂဲရူအီရှိဘာ ဂျပန်ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရ


(နိုင်ငံတကာ) အောက်တိုဘာ ၂

ဂျပန်အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီခေါင်းဆောင် ရှီဂဲရူအီရှိဘာ က အောက်တိုဘာလ ၁ ရက် တွင် ပြုလုပ်တဲ့ လွှတ်တော်နှစ်ရပ်မဲခွဲဆုံးဖြတ်မှု၌ ထောက်ခံမဲအများဆုံး ရရှိကာ ဝန်ကြီးချုပ်အဖြစ် ရွေးကောက်ခံရကြောင်း သိရသည်။

ထို့နောက် ရှီဂဲရူ အီရှီဘာ က အဖွဲ့ဝင် ၁၉ ဦးပါဝင်သော လျာထားအစိုးရအဖွဲ့ကို ထုတ်ပြန်သည်။ ၎င်းတို့ထဲတွင် ၁၃ ဦးက အသစ်ခန့်အပ်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ ယခင်အစိုးရလက်ထက်တွင် ခန့်အပ်ခံရသူများဖြစ်ကာ လေးဦးမှာ ဝန်ကြီးအဖြစ်တာဝန်ထမ်းဆောင်ဖူးသူများ ဖြစ်သည်။

ရှီဂဲရူ အီရှီဘာအနေဖြင့် ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်စဉ် ၎င်း၏ပါတီအပေါ် ပြည်သူလူထု၏ ယုံကြည်မှုပြန်ရစေရန်ကြိုးပမ်းရမည် ဖြစ်သည်။

ထို့ပြင် စီးပွားရေး တိုးတက်မှုနှေးကွေးနေခြင်း၊ ကုန်ဈေးနှုန်းများ မြင့်တက်နေခြင်း၊ ငွေတန်ဖိုးကျဆင်းနေခြင်း အစရှိသည့် ပြဿနာများကို ဦးစားပေးကိုင်တွယ်ရမည် ဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနဖော်ပြချက်အရ သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN