ပုဗ္ဗသီရိမြို့နယ်တွင် ဆိုင်ကယ်စီးလာသူအား ကားမှတိုက်မိပြီး မောင်းနှင်ထွက်ပြေး


(မှုခင်း) အောက်တိုဘာ ၂

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ အောင်သုခရပ်ကွက်အနီး ရာဇဌာနီလမ်းမှ ပြန်ကပြေးအဝိုင်ဘက်သို့ သွားသော ကွန်ကရစ်လမ်းတွင် ယနေ့နံနက် ၆ နာရီအချိန်ခန့်က ယဉ်တိုက်မှုဖြစ်ပြီး လူတစ်ဦး​သေဆုံနေကြောင်း သိရသည်။

ဖြစ်စဥ်နေရာ၌ ဆိုင်ကယ်ယဉ်မောင်းသေဆုံသူမှာ မှတ်ပုံတင် မှတ်တမ်းအရ မောင်ရဲကျော်အောင်၊ အဘ ဦးမြတ်သူ၊ အလုပ်အကိုင် ကဒ်အရ ဧရာဝတီဘဏ် ဟု သိရပြီး ၎င်း၏ 75W 31551 Dream 125 ဆိုင်ကယ် တိမ်းမှောက်လျှက် ကာရှေ့ ကာဘာများ ပြုတ်ကြကျန် နေခဲ့သည်ကိုတွေ့ရှိခဲ့ရပြီး၊ ကားမှတိုက်ပြီး ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူတွင် ဘယ်ဘက်ကိုစောင်းလျှက် အနောက်မျက်နှာမူ ဦးခေါင်သွေးထွက်ဒဏ်ရာ ပြင်းပြင်းထန်ထန် ရရှိပြီး ဆိုင်ကယ်နှင့် ပေ ၂၀ ကျော်အကွာတွင် သေဆုံးနေကြောင်း ၊ ၎င်းအား နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့တောင်ထားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN