တောင်ငူမြို့တွင် မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသားတစ်ဦးသေဆုံးကာ နေအိမ်မီးလောင်ပျက်ဆီး

(ပြည်တွင်း) အောက်တိုဘာလ  ၂

      ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင် ယမန်နေ့ ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာမှ လူတစ်ဦးသေဆုံးခဲ့ပြီး နေအိမ်တစ်လုံးမီးလောင်ပျက်ဆီးခဲ့ကြောင်းသိရသည် ။

        ဖြစ်စဥ်မှာ ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင် ၊ တောင်ငူမြို့နယ်မီးသတ်စခန်း၏ တောင်ဘက် (၁)မိုင်ခန့် အကွာ၊ (၂၁)ရပ်ကွက်၊ ဇေယျာခင်ဦး(၂)လမ်း၌ နေအိမ်တစ်လုံး မီးလောင်နေကြောင်း ၄ နာရီ ၂၀ မိနစ်တွင်ရရှိလာသောဖုံးသတင်းအရ ခရိုင်/မြို့နယ် မီးသတ်စခန်းများရှိ မီးသတ်ယာဥ်များ/ ရေသယ်ယာဥ်များဖြင့် သွားရောက်၍ မီးသတ်တပ်ဖွဲ့ဝင်များ ၊ ပြည်သူများမှဝိုင်းဝန်း မီးငြိမ်းသတ်ခဲ့ရာတွင် ၄ နာရီ ၄၀ မိနစ်အချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

       မီးလောင်ရခြင်း၏ အကြောင်းအရင်းမှာ ဆိုလာဘတ္ထရီများကို အားသွင်းထားရာမှ အပူလွန်ကဲ၍ (၄၅၃၀) ပေခန့်ရှိ သွပ်မိုး ၊အုတ်ညှပ် (၂)ထပ် လူနေအိမ် (၁)လုံး မီးလောင်ကျွမ်းခဲ့ပြီး ၊ နေအိမ်ရှိ ပတ္တမြားလေး(ခ)မောင်မောင်လေး၊ အသက် ( ၄၀ )နှစ် ၊ စိတ္တဇဝေဒနာသည် ( ၁ )ဦး မီးခိုးမွှန်၍ သေဆုံးခဲ့ပြီး ဖြစ်စဥ်အား စုံစမ်း စစ်ဆေးကာ အရေးယူဆောင်ရွက်သွားမည်ဟု သိရပါသည်။

#PAN