အစာအိမ်ရောဂါ ဝေဒနာရှင်များ စားသုံးပေးသင့်တဲ့ အစားအစာများ

(ကျန်းမာရေးကဏ္ဍ)အောက်တိုဘာ ၁

     PAN ပရိတ်သတ်များ ကျန်းမာရေး ဗဟုသုတရစေဖို့ ဒီနေ့ ကျန်းမာရေးကဏ္ဍကနေ အစာအိမ်ရောဂါ ဝေဒနာရှင်များ စားသုံးပေးသင့်တဲ့ အစား အစာများအကြာင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

    ကန်စွန်းဥက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးတာ၊ ဦးနှောက်လုပ်ဆောင်ချက်ကို ကောင်းမွန်စေတာ ၊ ကိုယ်ခံအားကောင်းစေတဲ့အပြင် အစာအိမ် အစာချေလည်ပတ်မှု စနစ်ကို ကောင်းမွန်စေတဲ့ အတွက် အစာအိမ်ဝေဒနာရှင်များအနေဖြင့် ကန်စွန်းဥကို စားသုံးခြင်းဖြင့် အစာအိမ် ရောဂါကို သက်သာစေနိုင်ပါတယ်။

      အမျှင်ဓာတ်ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းဖြင့် ဆီးချိုသွေးချိုရောဂါ ၊ အူလမ်း ကြောင်းကို ကောင်းမွန်တာနဲ့ အစာချေစနစ်ကောင်းမွန်စေတဲ့အတွက် အစာအိမ်ရောဂါကို သက်သာ ပျောက်ကင်းစေပါတယ်။

      ငှက်ပျောသီးမှာ ကာဗိုဟိုက်ဒရိတ်ဓာတ် ပါဝင်တာကြောင့် ဆီးချိုသွေးချိရောဂါကို သက်သာစေပါတယ်။ ဆီးဝမ်းလည်ပတ်မှု နဲ့ အစားချေစနစ်ကို ကောင်းမွန်စေတဲ့ အတွက် တစ်ရက်ကို ထမင်း စားပြီးချိန်တိုင်း ငှက်ပျောသီးတစ်လုံးစားသုံးပေးခြင်းဖြင့် အစာအိမ်ရောဂါကို သက်သာစေ နိုင်ပါတယ်။

      အရည်ရွှမ်းတဲ့ အသီးတွေဖြစ်တဲ့ စတော်ဘယ်ရီသီးတွေ၊ ဘယ်ရီသီး ၊ ပန်းသီး ၊ လိမ္မော်သီး၊ ထောပတ် သီးစတဲ့ အသီးတွေမှာ ခန္ဓာကိုယ်အတွင်း ရေဓာတ်ခြောက်သွေ့မှုတွေကို ဖြည့် ဆည်း နိုင်ပြီး အသားရေခြောက်သွေ့ခြင်းကို သက်သာစေပါတယ်။ ဒါ့အပြင် အစာချေစနစ်ကို ကောင်းမွန်စေတဲ့အတွက် အစာအိမ်ဝေဒနာရှင်တွေအနေဖြင့် စားသုံးရန်အသင့်တော်ဆုံး အစား အစာတစ်မျိုုးလည်း ဖြစ်ပါတယ်။

      ဒါ့အပြင် အုန်းရည်သောက်သုံးခြင်းဖြင့် အသား အရေကို လှပစေပြီး ရေဓာတ်ဖြည့်သွင်း နိုင်ပါတယ်။ သွေးတိုးကျစေတာနဲ့ အစာချေဖျက်အားကောင်းမွန်စေတဲ့အတွက် အုန်းရည်ကို သောက်သုံးခြင်းဖြင့် အစာအိမ်ရောဂါကိုသက်သာစေနိုင်ပါတယ်။

#PAN