မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ၏ နေအိမ်သို့ ခြိမ်းခြောက်စာ ပို့ခံရ


(ပြည်တွင်း) စက်တင်ဘာ ၃၀

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဈေးချိုရပ်ကွက်၊ သင်ပန်းကုန်းရပ်ရှိ မန္တလေးတိုင်းဒေသကြီး၊ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်၏ မိသားစုဝင်များကို အကြမ်းဖက် မန်း-PDF အဖွဲ့မှ ခြိမ်းခြောက်စာ ပေးပို့ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီအချိန်ခန့်က စျေးချိုရပ်ကွက်ရှိ ဦးသိန်းထွန်းဦး(မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်)၏ မိသားစုပိုင်ဆိုင်သော လူနေထိုင်ခြင်းမရှိသည့် တိုက်အတွင်းသို့ အိမ်ဝင်းသန့်ရှင်းရေးလုပ်သူမှ သန့်ရှင်းရေးလုပ်နေစဉ် စာအိတ်တစ်လုံးတွေ့ရှိပြီး ဖွင့်ဖောက်ကြည့်ခဲ့ရာ မိသားစုဝင်များအား ပစ်ခတ်ရှင်းလင်းမည်ဟူသော ခြိမ်းခြောက်အသိပေးစာဖြစ်သည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

အလားတူ ၂၆-၇-၂၀၂၄ ရက်နေ့ကလည်း ခြိမ်းခြောက်စာပို့ခံရဖူးပြီး ယခုစာပို့ခံရသည်မှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN