ဩစတြီးယားရွေးကောက်ပွဲတွင် အတိုက်အခံ လက်ယာယိမ်းပါတီမှ အနိုင်ရ


(နိုင်ငံတကာ) စက်တင်ဘာ ၃၀

ဩစတြီးယားရွေးကောက်ပွဲတွင် အတိုက်အခံ လက်ယာယိမ်းပါတီ(FPO)မှ အနိုင်ရရှိခဲ့ကြောင်းသိရသည်။

FPO သည် အာဏာရပါတီ OVP နှင့် ပြိုင်ဘက်ပါတီများအား ရာခိုင်နှုန်းအနည်းအငယ် အသာစီးရကာ အနိုင်ရရှိခဲ့ပြီး ပါတီခေါင်းဆောင် Herbert Kickl က ၎င်းတို့ပါတီအနေဖြင့် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့ကြောင်း ကြွေးကြော်ခဲ့သည်။

ရွေးကောက်ပွဲတွင် FPO ပါတီက ၂၈.၈ ရာခိုင်နှုန်း ဒုတိယနေရာတွင်ရှိသော အာဏာရပါတီ OVP က ၂၆.၃ ရာခိုင်နှုန်းနှင့် တတိယနေရာတွင်ရှိသော ဆိုရှယ်ဒီမိုကရက်တစ်ပါတီက ၂၁.၁ ရာခိုင်နှုန်းရရှိခဲ့သည်။

Telegram»…
https://t.me/positiveanglenews

PAN