နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ထိခိုက်ပျက်စီးခဲ့မှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး


(ပြည်တွင်း) စက်တင်ဘာ ၂၉

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမျိုးသန့်၊ ဒေါက်တာ ညွန့်ဖေ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီ နယ်မြေအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့မှုအပေါ် ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။

ပေါင်းလောင်းမြစ်ကူးတံတား(အဝေရာ)

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ ဝင်များသည် မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာ လမ်းကြောင်းတစ် လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုသည်။ ထို့နောက် ပျဉ်းမနား မြို့နယ်၊ ပေါင်းလောင်းမြစ်ကူးတံတား(အဝေရာ)သို့ရောက်ရှိရာ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အဆိုပါလမ်းပိုင်းတစ်လျှောက်၌ ရေကြီးရေလျှံမှု ဖြစ်ပေါ်စဉ် ထိခိုက်ပျက်စီးခဲ့မှုများနှင့် ပြန်လည်ပြုပြင်ဆောင်ရွက်လျက်ရှိမှုအခြေအနေ များကို ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ယခုလမ်းပိုင်းသည် ပျဉ်းမနားခရိုင်နှင့် ဇေယျာသီရိခရိုင်အကြား ဆက်သွယ်ထားပြီး လူနေများသည့် ကျေးရွာများရှိသဖြင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးမှုများအား ပြုပြင်၍ လမ်းပန်းဆက်သွယ်မှုကောင်း မွန်အောင် ဆောင်ရွက်ရန်လိုကြောင်းနှင့် လမ်းပိုင်းနှင့်တံတားအား အဆင့်မြှင့် တင်နိုင် မည့် အခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များ မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့်အဖွဲ့ဝင်များသည် ပေါင်းလောင်းမြစ်ကူးတံတား(အဝေရာ)၏ ပျဉ်းမနားဘက်ခြမ်းရှိ တံတားချဉ်းကပ်လမ်းရေတိုက်စားခဲ့မှုကြောင့် ပျက်စီးမှုအား နှစ်လွှာတစ်ထပ် ယာယီ ဘေလီတံတားထိုး၍ ပြင်ဆင်ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။

ပေါင်းလောင်း(အဝေရာဆည်) လက်ယာရေပေးမြောင်းမကြီး

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပေါင်းလောင်း(အဝေရာဆည်) လက်ယာရေပေးမြောင်းမကြီး၌ ရေ တိုက်စားခံရမှုကြောင့် မြောင်းတာဘောင်ကျိုးပေါက်ခဲ့သည့်နေရာများအား ပြန်လည် ပြင်ဆင်ခြင်း ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က ပြန်လည်ပြုပြင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည် တံ့ခိုင်မြဲရေးအတွက် စနစ်တကျ တွက်ချက်ဆောင်ရွက်သွားရန်လိုကြောင်း၊ ရေနုတ် မြောင်းများ ရေဝင်ရေထွက်ကောင်းမွန်စေရေး ပြန်လည်တူးဖော်သွားရန်လိုကြောင်း၊ ရေနုတ်မြောင်းများပြန်လည်တူးဖော်ဆောင်ရွက်ရာတွင် တစ်နေရာတည်းဆောင်ရွက်၍ မရဘဲ အဆင့်ဆင့်ရေစီးဆင်းမှုကောင်းမွန်အောင်နေရာစုံ၌ ဆောင်ရွက်သွားရန်လို ကြောင်း၊ ရေမြောင်း၊ တူးမြောင်းများ၌ ရေဝင်ရေထွက်ကောင်းမွန်စေရန် နှစ်စဉ် စစ်ဆေးမှုများ ပြုလုပ်နေရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

အခြေခံပညာအထက်တန်းကျောင်းခွဲ(ဆင်သေ)

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေကြီးရေလျှံမှုများကြောင့် ထိခိုက်ပျက်စီးခဲ့ရပြီး ရေများ ပြန်လည် ကျဆင်းသွားသည့်အချိန်တွင် နုန်းတင်ကျန်ခဲ့သည့် ဆင်သေကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၌ နုန်းများဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုများကိုသွားရောက်ကြည့်ရှုစစ်ဆေးရာ ကျောင်းတာဝန်ခံ ဆရာ၊ဆရာမ များက ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့်အခြေအနေများနှင့် သန့်ရှင်းရေးလုပ်ငန်း ဆောင် ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းပြန်လည်ဖွင့်လှစ် သင်ကြားပေးနိုင်ရေးအတွက် လိုအပ်သည်များကို အမြန်ဆုံး ဆောင်ရွက်ပေးသွားရန် တာဝန်ရှိသူများကို မှာကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် နုန်းများဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေ ကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ပြီး ဆရာ၊ ဆရာမ များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဆင်သေကျေးရွာမှ ညောင်ပင်သာကျေးရွာလမ်းအတိုင်း ရေကြီး ရေလျှံမှုကြောင့် ရေဝင်နစ်မြုပ်ခဲ့မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး အပျက်အစီး များ၊ သစ်ပင်သစ်ကိုင်းများ ဖယ်ရှားရှင်းလင်းခြင်းတို့ကို အစီအမံဖြင့် ရက်ပိုင်းအတွင်း ပြီးစီးအောင် ဆောင်ရွက်သွားရန်လိုကြောင်း၊ မွန်းတည့်ခွင်-ကျည်တောင်-ခေါမ-ညောင်ပင်သာ လမ်းကြောင်းသည် သွားလာမှုများပြားလာပြီဖြစ်သဖြင့် စနစ်တကျ သုတေသနပြုလုပ်ပြီး လမ်းကြောင်းအဆင့်မြှင့်တင်ခြင်းများကို ဆောင်ရွက်ပေးသွားရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားသည်။

အခြေခံပညာအထက်တန်းကျောင်း(ကျောက်ချက်)

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းသို့ ရောက်ရှိပြီး ရေဝင်ရောက်မှုများအား ပြန်လည်ရှင်းလင်း ဆောင်ရွက်ထားရှိမှု၊ ကျောင်းသားကျောင်းသူများ ပညာသင်ကြားနေမှု၊ ပညာရေး ဝန်ကြီးဌာနမှ စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များ ထောက်ပံ့ပေးထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ မှာကြားသည်။

သိုက်ချောင်းတံတား(ဆင်သေချောင်းကူး)

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်တို့အား ဆက်သွယ်ထား သော ပုဗ္ဗသီရိမြို့ပတ်လမ်းပေါ်ရှိ သိုက်ချောင်းတံတား (ဆင်သေချောင်းကူး) သိုက် ချောင်းဘက်သို့ အသွားတံတား တံတားရေလယ်တိုင်(Pier)များ နိမ့်ကျခြင်းဖြစ်ပေါ်နေ မှုကို ပြန်လည်ပြင်ဆင်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပျက်စီးသွားသည့်တံတားများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် ရေ ရှည်တည်တံ့ခိုင်မြဲရေး၊ သဘာဝဘေးဒဏ်ခံနိုင်ရေးနှင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ် ချိန်တွင် အရှိန်အဟုန်ဖြင့် ရေစီးဆင်းမှုဒဏ်ကို ခံနိုင်ရေးတို့အတွက် စနစ်တကျ ထည့် သွင်းတွက်ချက်၍ ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ် သည်များကို မှာကြားပြီး ဆောက်လုပ်ရေးဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာ များကို ချီးမြှင့်ပေးအပ်သည်။

ဓာတ်အားလိုင်းတာဝါတိုင်များ ပြုပြင်ဆောင်ရွက်လျက်ရှိမှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် နေပြည်တော်-တပ်ကုန်း လမ်းကြောင်းအတိုင်း မော်တော်ယာဉ်များ ဖြင့် သွားရောက်ခဲ့ပြီး ကင်းသာလမ်းခွဲအနီးရှိ ၂၃၀ ကေဗွီ သာစည်-ရွှေမြို့ ဓာတ်အား လိုင်း တာဝါတိုင်အမှတ် ၃၀၁ မှ ၃၀၅ အထိ တာဝါတိုင် ၅ တိုင် ပြိုလဲပျက်စီးခဲ့မှု နှင့် ၂၃၀ ကေဗွီ ရွှေမြို့-နေပြည်တော်(၂) ဓာတ်အားလိုင်း တာဝါတိုင်အမှတ် ၁၂ မှ ၁၅ အထိ တာဝါတိုင် ၄ တိုင်ပြိုလဲပျက်စီးမှုတို့အား ပြန်လည်ပြုပြင်ရေးဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြ မှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် တာဝါတိုင်များ ဖြုတ်သိမ်းခြင်း၊ ပြန် လည်စိုက်ထူခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက်သွားရန်လိုပြီး ရေရှည် တည်တံ့ခိုင်မြဲရေး၊ ဘေးကင်းစိတ်ချရမှုရှိစေရေးကို ဦးစားပေးဆောင်ရွက်ရန်လို ကြောင်းနှင့် အခြားလိုအပ်သည်များကို မှာကြားပြီး လုပ်ငန်းဆောင်ရွက်နေသည့် ဝန် ထမ်းများအတွက် စားသောက်ဖွယ်ရာများ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ရေဝင်ရောက်မှုများဖြစ်ပေါ်ခဲ့သည့် အဆုံဇီးကုန်းကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသားကျောင်းသူများ စာပေသင်ကြားနေမှု များကိုသွားရောက်ကြည့်ရှုအားပေးပြီး ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမ များအတွက် စားသောက်ဖွယ်ရာများ ပေးအပ်ကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။ ထို့နောက် နုန်းများဖယ်ရှားရှင်းလင်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးနေကြသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များအား ကြည့်ရှုအား ပေးပြီး စားသောက်ဖွယ်ရာပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။

နဝင်းချောင်းတံတား(အဆုံ) ချဉ်းကပ်လမ်းကမ်းကပ်ခုံ ဆောင်ရွက်နေမှု

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နဝင်းချောင်းတံတား(အဆုံ)နေရာသို့ ရောက်ရှိကြပြီး ရေတိုက် စားမှုကြောင့် တံတားချဉ်းကပ်လမ်း ပြိုကျပျက်စီးခဲ့မှုအား ယာယီဘေလီတံတား တည် ဆောက်ပြုပြင်ပြီးစီးမှုနှင့် တံတားချဉ်းကပ်လမ်း ကမ်းကပ်ခုံအား ပြန်လည်ပြုပြင် ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြ ချက်များအပေါ် လိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN