လန်ချန်း-မဲခေါင် သစ်သီးပွဲတော်ကို မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ်ကျင်းပ

(ပြည်တွင်း) စက်တင်ဘာ ၂၈

      လန်ချန်း-မဲခေါင် သစ်သီးပွဲတော်ကို မြန်မာ နိုင်ငံ၌ ပထမဆုံးအကြိမ်အဖြစ် စက်တင်ဘာလ ၂၆ ရက်မှာ ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲတော်ကို Wyndham Grand Yangon မှာ ကျင်းပခဲ့ပြီး လန်ချန်း-မဲခေါင်အဖွဲ့အစည်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအခြေစိုက် ယူနန်ပြည်နယ်စီးပွားရေး ကိုယ်စားလှယ်ရုံးမှ ဦးဆောင်တာဝန်ယူ မှုဖြင့် ပန်းမန်မြန်မာနိုင်ငံသစ်သီးဝလံနှင့် ဟင်းသီးဟင်း ရွက် စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ ရောင်း ချသူများ အသင်းတို့ ပူးပေါင်းကာ တရုတ်ပြည်မှ သက်ဆိုင် ရာလုပ်ငန်းရှင်များအား ဖိတ်ခေါ်၍ မြန်မာ နိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပခဲ့တာဖြစ်ပါတယ်။

       မြန်မာပြည်နဲ့ ယူနန်ပြည်နယ်တို့ရဲ့ ကုန်သွယ်မှုပိုင်းဆိုင်ရာဖလှယ်တဲ့ပွဲဖြစ်ပြီး သစ်သီးဝလံဆိုင်ရာ Import Export လုပ်သူ‌များ၊ သီးနှံစိုက်ပျိုး ရေး အဖွဲ့အစည်းများ၊ Logistic Company များအပြင် တရုတ်နိုင်ငံဘက်ကလုပ်ငန်းရှင် ၃၈ ယောက်ခန့်နဲ့ မြန်မာနိုင်ငံဘက်က လုပ်ငန်းရှင် ၄၀ ကျော် ပါဝင်ခဲ့ကာ အဓိကတော့ အသီးအနှံရှာသူနဲ့ ရောင်းသူကိုချိတ်ဆက်ပေးတဲ့ Match-making ပွဲဖြစ်ကြောင်း  မြန်မာနိုင်ငံ အခြေစိုက် ယူနန်ပြည်နယ် စီးပွားရေးကိုယ်စားလှယ်ရုံးမှ တာဝန်ရှိသူထံမှ သိရပါတယ်။

        ယူနန်ပြည်နယ်မှ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးအသင်းအဖွဲ့နှင့် မြန်မာနိုင်ငံမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့ ပူးပေါင်းကာ လန်ချန်း-မဲခေါင် သစ်သီးပွဲတော်ကို တရုတ်ပြည်၌ နှစ်စဉ်ကျင်းပနေခြင်းဖြစ်ပြီး ယခုနှစ်တွင် မြန်မာနိုင်ငံဘက်၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

#PAN