အထူးကုဆရာဝန်နှင့်ပြသရန်အတွက် စပိန်နိုင်ငံကို သွားရောက်ခဲ့တဲ့ ရိုဒရီ


(အားကစား) စက်တင်ဘာ ၂၈

ဒူးအရွတ်ဒဏ်ရာရရှိထားတဲ့ မန်စီးတီးအသင်းကွင်းလယ်လူ ရိုဒရီ က အထူးကုဆရာဝန်နှင့်ပြသရန် စပိန်နိုင်ငံသို့ သွားရောက်ခဲ့တယ်လို့ သိရပါတယ်။

စပိန်လက်ရွေးစင်ကစားသမား ရိုဒရီ က အာဆင်နယ်အသင်းနှင့်ပွဲစဉ်မှာ ညာဘက်ဒူးဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်း ၂၁ မိနစ်မှာပင် လူစားလဲခံခဲ့ရတာ ဖြစ်ပါတယ်။

ရိုဒရီ အနေနဲ့ မန်ချက်စတာမြို့မှာ ကနဦးစစ်ဆေးမှု ပြုလုပ်ပြီးနောက် အထူးကုဆရာဝန်နှင့်ပြသရန် စပိန်နိုင်ငံသို့သွားရောက်ခဲ့တာ ဖြစ်တယ်လို့ မန်စီးတီးအသင်းက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ရိုဒရီအနေနဲ့ အဆိုပါဒဏ်ရာကို ခွဲစိတ်ကုသမှုလုပ်ရခြင်းရှိမရှိ အတိအကျမသိရသေးပေမယ့် ငါးလမှ ရှစ်လခန့် အနားယူရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN