“ပ” သုံးလုံးအဖွဲ့ အလိုမရှိကြောင်း ဒေသခံပြည်သူတွေဆန္ဒပြ


(ပြည်တွင်း) စက်တင်ဘာ ၂၇

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးနယ်အတွင်းမှာ စက်တင်ဘာ ၂၆ ရက်က အကြမ်းဖက် NUG ကဖွဲ့စည်းထားတဲ့ ပကဖ၊ ပအဖ၊ ပလဖ ဆိုတဲ့ ❛ပ❜ သုံးလုံး အဖွဲ့တွေကို အလိုမရှိကြောင်း ရေမှိန်၊ကျောက်မှော်၊ ဆားထုံး၊ ဒူးထောက်၊ တောကျောင်း၊ ရေခါး၊ စတဲ့ကျေးရွာတွေက ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတယ်လို သိရပါတယ်။

အဆိုပါ ဆားလင်းကြီးနယ်ထဲမှာ ပအဖ အမည်ခံ အကြမ်းဖက်အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းက ဒေသခံပြည်သူ ၂ ဦးကို သတ်ဖြတ်တာနဲ့ပတ်သက်ပြီး ယခုလိုဆန္ဒပြပွဲကို ပြုလုပ်ခဲ့ကြတာဖြစ်ကြောင်း ဆန္ဒပြပွဲမှာ “ခိုးဆိုး လူသတ် ပ သုံးလုံးအလိုမရှိ”၊ “ပ သုံးလုံးအုပ်ချုပ်ရေးစနစ် ချက်ချင်းရပ်”၊ “ပကဖ အမည်ခံ GZ အလိုမရှိ”၊ “သူခိုးကြီးစောမောင် ❛ပ❜သုံးလုံးအလိုမရှိ”၊ ဟူသော စာသားပါ စာတန်းများကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

“သူခိုးကြီးစောမောင် ❛ပ❜သုံးလုံးအလိုမရှိ”၊ ဆိုသော စာတန်းမှာ ယခင်က NLD ပါတီ တိုင်းလွှတ်တော်ကိုယ်စားလည်တစ်ဦးဖြစ်ပြီး ယခုမှာတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ်လေးခုရဲ့ အကြမ်းဖက်တာဝန်ခံဖြစ်ကြောင်း သိရပါသည်။

Telegram»…
https://t.me/positiveanglenews

PAN