အသုတ်ဆိုင်ဘေးရှိ ခုံတွင်ထိုင်နေသည့် ရာအိမ်မှူးက အကြမ်းဖက် PDF နှစ်ဦးမှ သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး


(ပြည်တွင်း) စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့ နယ်၊ အောင်ဆန်းရပ်ကွက်၊ အောင်ဆန်းဈေးရှေ့၊ အောက်မင်္ဂလာဒုံလမ်းမကြီးပေါ်ရှိ ဒေါ်ရင်ရင်အေး၏ အသုပ်ဆိုင်ဘေးတွင် လူတစ်ဦးသေနတ်ဖြင့် အပစ်ခံရကြောင်း သိရသည်။

ယမန်နေ့ ည ၇ နာရီ ၁၅ မိနစ် အချိန်ခန့်က အောင်ဆန်းဈေးရှေ့လမ်းမဘေးရှိ “ဒေါ်ရင်ရင်အေး အသုပ်ဆိုင်” ဘေးတွင် ရာအိမ်မှူးဖြစ်သူ ဥိးဇော်မင်းထွန်း၊ အသက် ၅၂ နှစ်၊ (ဘ)ဦးလှမောင် အမှတ်-၉၀၁၊ ဈေးလမ်း၊ အောင်ဆန်းရပ်ကွက်၊ အင်းစိန်မြို့နယ်နေသူသည် အသုပ်ဆိုင်ဘေးရှိ ကော်ခုံပေါ်တွင် ထိုင်နေစဉ်အမည်မသိအမျိုးသားနှစ်ဦးမှ လမ်းလျှောက်လာပြီး သေနတ်ဖြင့် လာရောက် ပစ်ခတ်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF နှစ်ဦး၏ ပစ်ခတ်မှုကြောင့် ဥိးဇော်မင်းထွန်းတွင် ယာဘက်ရင်အုံ အပေါ်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိခဲ့ပြီး အမည်မသိအမျိုးသား ၂ ဦးမှာ အောက်မင်္ဂလာဒုံ လမ်းမကြီးအတိုင်း အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းဘက်သို့ ထွက်ပြေးသွားပြီး Taxi အဖြူရောင်ယာဥ်ပေါ်သို့တက်ရောက်ကာ အောက်မင်္ဂလာဒုံ လမ်းမကြီးအတိုင်း ဖော့ကန်ဈေး ဘက်သို့ ထွက်ပြေးသွားကြောင်း၊ သိရှိရပြီး သေနတ်ဖြင့် အပစ်ခံရသူ ဦးဇော်မင်းထွန်းအား ပြန်လည်ရှင်သန်ရေး လူမှုရေးအသင်း ယာဉ်ဖြင့် အမှတ်(၁)ခုတင်(၁၀၀၀)စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ ည ၈ နာရီကျော်အချိန်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN