လက်ဘနွန်ကို အင်အားသုံးတိုက်ခိုက်မည်ဟု နေတာရာဟုကြေညာပြီးနောက် မြို့တော်ဘေရွတ်ကို လေကြောင်းတိုက်ခိုက်


(နိုင်ငံတကာ) စက်တင်ဘာ ၂၇

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုသည် အစ္စရေးစစ်တပ်က လက်ဘနွန်ကို အင်အားအပြည့်သုံးကာ တိုက်ခိုက်မည်ဟု ကြေညာပြီးနောက် လက်ဘနွန်နိုင်ငံ၏မြို့တော် ဘေရွတ်ကို လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်းသိရသည်။

အစ္စရေး၏တိုက်ခိုက်မှုများကြောင့် တစ်ရက်မပြည့်မှီ လူပေါင်း ၃၀ ဝန်းကျင်သေဆုံးခဲ့ပြီး လူပေါင်းများစွာဒဏ်ရာရရှိခဲ့ကြောင်း လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာ လက်နက်ကိုင်တို့အကြား သုံးပတ်ကြာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရန် တောင်းဆိုချက်များအား အစ္စရေးဝန်ကြီးချုပ်နှင့် နိုင်ငံရေးသမားများက ပယ်ချခဲ့ပြီး တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြာင်းသိရသည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က သံတမန်နည်းလမ်းဖြင့် ဖြေရှင်းရန်တိုက်တွန်းနေသော်လည်း အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်း ဝင်ရောက်ကူးကျော်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြောင်းသိရသည်။

Telegram»…
https://t.me/positiveanglenews

PAN