Yangon International Trade Expo 2024 ကျင်းပမည်


(ပြည်တွင်း) စက်တင်ဘာ ၂၄

လာမယ့် အောက်တိုဘာလမှာ ရန်ကုန်မြိုရှိ Yangon Convention Center-YCC ၌ နိုင်ငံတကာကုန်စည်ပြပွဲ နှင့် Networking Exhibition တစ်ခုဖြစ်တဲ့ Yangon International Trade Expo 2024 ကို ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို သိရပါတယ်။

အဆိုပါပြပွဲကို အောက်တိုဘာလ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေး လုပ်ငန်းများအတွက် အခြေခံကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများကို ပြပွဲအတွင်း လေ့လာနိုင်မှာ ဖြစ်ပါတယ်။

အဆိုပါပြပွဲမှာ ဆောက်လုပ်ရေး၊ စက်ပစ္စည်းများဆိုင်ရာလုပ်ငန်းများ၊ အိမ်ခြံမြေနှင့် ရင်းနှီးမြုပ်နှံမှုဆိုင်ရာလုပ်ငန်း များ၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများ၊ IT ဆက်သွယ်ရေးနည်းပညာနှင့် Renewable Energy ဆိုင်ရာ လုပ်ငန်းများ၊ စိုက်ပျိုး‌ရေးနှင့် စားသောက်ကုန်ဆိုင်ရာလုပ်ငန်းများနှင့်အခြားသော ၀န်ဆောင်မှုဆိုင်ရာ လုပ်ငန်းများကို ပြခန်းပေါင်း ၂၀၀ ကျော်နဲ့ ဖွင့်လှစ်ပြသသွားမှာ ဖြစ်ပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN