တောင်ကျချောင်းရေမြင့်တက်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နမ့်လပ်ချောင်းကူး တံတားအား ပြန်လည်တည်ဆောက်ပြီးစီး


(ပြည်တွင်း) စက်တင်ဘာ ၂၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် စက်တင်ဘာ ၁၀ ရက် နံနက် ၂ နာရီမှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နမ့်လပ်ချောင်း တောင်ကျရေများ မြင့်တက်လာပြီး ကျိုင်းတုံ-လွိုင်မွေ ကားလမ်းပေါ်ရှိ အရှည် ၆၀ ပေ၊ အကျယ် ၁၉ ပေရှိ နမ့်လပ်ချောင်းကူး သံကူကွန်ကရစ်တံတားသည် စက်တင်ဘာလ ၁၀ ရက် နံနက် ၇ နာရီခွဲခန့်တွင် ပြိုကျပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိဘဲ မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်မှုမရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ပျက်စီးသွားသော နမ့်လပ်ချောင်းကူးတံတားနေရာတွင် သံဘောင် ဘေလီတံတား အစားထိုးတည်ဆောက်နိုင်ရေး ခရိုင်လမ်းဦးစီးဌာနမှ အမြန်ဆုံး ပြင်ဆင် ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းတွင် အရွယ်အစား အရှည် ၈၀ ပေ၊ အကျယ် ၁၂ ဒသမ ၈ ပေ၊ ခံနိုင်ဝန် ၁၃ တန်ရှိသည့် သံဘောင်ဘေလီ တံတားကို တည်ဆောက်ပြီးစီးပြီဖြစ်၍ ယာဉ်ကြီး/ယာဉ်ငယ်များ ဖြတ်သန်းသွားလာ နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

Telegram»…
https://t.me/positiveanglenews

PAN