ပြင်ဦးလွင်မြိုတွင် အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်


(ပြည်တွင်း) စက်တင်ဘာ ၂၁

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာလ ၂၀ ရက် နေ့လယ်ပိုင်းတွင် ထုတ်ပြန်ခဲ့တဲ့ စက်တင်ဘာလရဲ့ အမြင့်ဆုံးအပူချိန် စံချိန်သစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့၌ အမြင့်ဆုံးအပူချိန် စံချိန်သစ်တင်ခဲ့တယ်လို့ သိပါတယ်။

ပြင်ဦးလွင်မြို့၌ စက်တင်ဘာလ ၁၉ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်စံချိန်သစ်ကတော့ ၃၂ ဒသမ ၄ ဒီဂရီဆဲလ်စီးယပ်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်မှာ ဖြစ်ပေါ်ခဲ့တဲ့ အမြင့်ဆုံးအပူချိန်စံချိန်ဟောင်းက ၃၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယပ် ရှိခဲ့တာဖြစ်ပါတယ်။

တမူးမြို့တွင်လည်း စက်တင်ဘာလ ၁၈ ရက်က အမြင့်ဆုံးအပူချိန်စံချိန်သစ်တင်ခဲ့ကြောင်း ထုတ်ပြန်ထားပြီး စံချိန်သစ်က ၃၈ ဒသမ ၀ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့ပြီး စံချိန်အဟောင်းကတော့ ၃၇ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN