ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀ ကီလိုနှင့် ကက်တမင်း ၃၀ ကီလိုဖမ်းဆီးရမိ

(ပြည်တွင်း) စက်တင်ဘာ ၁၉

       လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၇ နာရီခွဲအချိန် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ နားခေါကျေးရွာအနီးတွင် မိုင်းပျဉ်းမှ မိုင်းပုအွန်ဘက်သို့ စိုင်းဦးပေတ မောင်းနှင်ပြီး မနန်းရှဲန်အွမ် နှင့် စိုင်းကော်တို့ လိုက်ပါလာသည့် TOYOTA SUCCEED မော် တော်ယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ အိုက်စ်(မက်သ်အဖက် တမင်း) ၁၀၀ ကီလို သိမ်းဆည်းရမိခဲ့သည်ဟု သိရပါသည်။

     ၎င်းနောက် ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ နံနက် ၈ နာရီအချိန် မိုင်းပျဉ်းမြို့နယ်၊ ယမ်းမိုင်ကျေးရွာရှိ အိုက်ဝန်း ၏ နေအိမ်မှ အိုက်စ်(မက်သ်အဖက် တမင်း) ၅၀ ကီလိုနှင့် ကက်တမင်း ၃၀ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့သဖြင့် စုစုပေါင်းဒေသကာလ တန်ဖိုးငွေကျပ် ၁ ဒသမ ၄၅ ဘီလီယံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅၀ ကီလိုနှင့် ကက်တမင်း ၃၀ ကီလို သိမ်းဆည်းရမိခဲ့သည်။

      စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ စိတ်ပြောင်းဆေးဝါးများအား ကျိုင်းတုံမြို့ နယ်မှ မိုင်းဖြတ်မြို့နယ်သို့ သယ်ဆောင်ရောင်း ဝယ်ခြင်း ဖြစ် ကြောင်း သိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေး ယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

#PAN