ဖွင့်လှစ်ခြင်းမရှိသေးသည့် ပုဂ္ဂလိကဆေးရုံအဆောက်အဦး၌ ပေါက်ကွဲမှုဖြစ်ပွားခြင်း


စက်တင်ဘာ ၁၈
ယနေ့ မွန်း လွဲ ၂နာရီ ၃၀ မိနစ်အချိန်ခန့်တွင် သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ပေါ်တော်မူဘုရားအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ စေတနာဖြူ ပုဂ္ဂလိကဆေးရုံ၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။

အဆိုပါ စေတနာဖြူပုဂ္ဂလိကဆေးရုံသည် ယခင် သထုံခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သင်းသင်းအိ ပိုင်ဆိုင်သည့်ဆေးရုံဖြစ်ပြီး ဖွင်လှစ်ခြင်းမရှိသေးသောကြောင်းသိရသည်။

အဆိုပါဆေးရုံပေါက်ကွဲမှုကြောင့် နယ်မြေခံတာဝန်ရှိ လုံခြုံရေအဖွဲ့များမှ သွားရောက်စစ်ဆေးလျှက်ရှိကြောင်း သိရပါသည်။

#PAN