အိန္ဒိယ၏ ကက်ရှ်မီးယားတွင် ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးဒေသအဆင့် ရွေးကောက်ပွဲကျင်းပ

(နိုင်ငံတကာ) စက်တာဘာ ၁၈
ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံးသော ဒေသန္တရ ရွေးကောက်ပွဲတွင် ကက်ရှ်မီးယားဒေသ၏ အိန္ဒိယဘက်ခြမ်းရှိ တွင် စက်တင်ဘာလ ၁၈ ရက်၊ ဒီကနေ့ ဗုဒ္ဓဟူးနေ့တွင် စတင်မဲပေးခြင်းဖြစ်ပြီး ယခင်က Jammu နှင့် Kashmir တို့တွင် အထူးအဆင့်သတ်မှတ်ပေးထားသည့် ပုဒ်မ ၃၇၀ ကို ဖျက်သိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲဖြစ်သည်။
လုံခြုံရေးအစီအမံများနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ ပြဿနာများကြောင့် ဒေသတွင်းအစိုးရကို ရွေးချယ်ရန်အတွက် အဆင့်သုံးဆင့်ဖြင့် မတူညီသည့်ရက်များတွင် မဲပေးရန်စီစဉ်ခဲ့ကြောင်း သိရသည်။ရဲတပ်ဖွဲ့နှင့် အရံတပ်များ များပြားစွာစောင့်ကြပ်လျက် ပထမအဆင့်တွင် နေထိုင်သူ ၂.၃ သန်းကျော်သည် ဗုဒ္ဓဟူးနေ့တွင် တောင်ပိုင်းခရိုင် ခုနစ်ခုတွင် လွှတ်တော် မဲဆန္ဒနယ် ၂၄ ခုအတွက် မဲပေးခွင့် ရမည်ဖြစ်သည်။ကက်ရှ်မီးယားသည် ဒေသတွင်းတွင် အိန္ဒိယတပ်ဖွဲ့ဝင် ၅၀၀,၀၀၀ ခန့်ချထားပြီး ကမ္ဘာ့စစ်အင်အားအများဆုံး နယ်မြေများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိသည်။ တပ်ဖွဲ့ဝင်များသည် အဓိကရုဏ်းနှိမ်နင်းရေး ကိရိယာများ ဝတ်ဆင်ကာ ချေမှုန်းရေး ရိုင်ဖယ်များ ကိုင်ဆောင်လျက် စစ်ဆေးရေးဂိတ်များတွင် ဒေသခံများ မဲပေးရန် တန်းစီနေသည့် မဲဆန္ဒနယ် များတွင် ကင်းလှည့်နေသည်ကို တွေ့မြင်ရကြောင်း DW သတင်းဌာနအရသိရသည်။

#PAN