ဖောင်တော်ဦးဘုရားပွဲကျင်းပနေစဥ် အကြမ်းဖက် PDF များက အဝေးထိန်းစနစ် လက်လုပ်မိုင်းဖြင့် ဖောက်ခွဲဖျက်ဆီး


(ပြည်တွင်း)စက်တင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့တွင် ကျင်းပလျက်ရှိသည့် (၁၄၁)ကြိမ်မြောက် သမိုင်းဝင် ဖောင်တော်ဦးဘုရားပွဲကျင်းပနေသည့်အချိန်တွင် ယမန်နေ့နံနက် ၈ နာရီအချိန်ခန့်က အကြမ်းဖက် PDF အဖွဲ့မှ လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် နန်း​တော်ကုန်းရပ်ကွက်ရှိ ဘုရားပွဲရဲကင်းစခန်းအား အဝေးထိန်းစနစ် လက်လုပ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲကင်း အဆောက်အဦးနှင့် ဆိုင်ကယ်များ ပျက်စီးသွားကြောင်း သိရသည်။

Telegram»…
https://t.me/positiveanglenews

PAN