စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာမှ တောင်ယာလုပ်ကိုင်ရန် သွားရောက်သည့် ဒေသခံပြည်သူများကို PDF အမည်ခံအကြမ်း ဖက်သမားများက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ရာ  အမျိုးသမီး ၁၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိ

(ပြည်တွင်း) စက်တင်ဘာ ၁၈

     စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ တောင်သူများသည် ယမန်နေ့ နံနက်ပိုင်းက တောင်ယာလုပ်ငန်းလုပ်ကိုင်ရန်အတွက် သွားရောက်စဉ် PDF အမည်ခံအကြမ်း ဖက်သမားများက လက် နက်ကြီး/လက်နက် ငယ်များဖြင့် အကြောင်းမဲ့ဝိုင်းဝန်းပစ်ခတ် ခဲ့သဖြင့် ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရှိရသည်။

      ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ အတွင်း၌ အေးချမ်းစွာနေထိုင်လုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများ သည် တောင်ယာလုပ်ငန်းများဆောင်ရွက်ရန်အတွက် ယမန်နေ့နံနက်ပိုင်းတွင် မော်တော် ယာဉ်ဖြင့် သွားရောက်စဉ် ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၁၃၀၀ ခန့်အကွာသို့ အရောက်၌ ပြည်ဖျက် PDF အမည်ခံအကြမ်းဖက် သမားများက ၎င်းတို့အား ထောက်ခံ အားပေးမှုမရှိသည့်အတွက် ရက်စက်ယုတ်မာစွာဖြင့် လက် နက်ကြီး၊ လက်နက်ငယ် များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူ အမျိုးသမီး ၁၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ကြောင်း သိရှိရသည်။

သေဆုံး ဒဏ်ရာရရှိသူများမှာ ဒေါ်ဝင်းရွှေ၊ ၄၀ နှစ် (သေဆုံး)၊ မရည်မွန်၊၂၃ နှစ်(သေဆုံး)၊ မသူဇာဝင်း၊၂၇ နှစ်(သေဆုံး)၊ မသူဇာအောင်၊ ၃၄ နှစ်(သေဆုံး)၊ မယု၊ ၃၅ နှစ်(သေဆုံး)၊ မမြတ်စု၊ ၂၂ နှစ်(သေဆုံး)၊ မသူဇာဝင်း၊ ၁၉ နှစ်(သေဆုံး)၊ မသန္တာဝင်း၊ ၂၁ နှစ်(သေဆုံး)၊ မသဲဇင်ဝင်း၊ ၂၄ နှစ်(သေဆုံး)၊ မစုလှိုင်၊ ၂၃ နှစ် (သေဆုံး)၊ မသန္တာမိုး၊ ၃၃ နှစ်(သေဆုံး)၊ မဘုတ်၊ ၃၇ နှစ်(သေဆုံး)၊ မစုနိုင်၊ ၃၃ နှစ်(ဒဏ်ရာရ)၊ ဒေါ်ရီသန့်၊ ၅၁ နှစ်(ဒဏ်ရာရ)၊ မစိုးမမ၊ ၃၃ နှစ်(ဒဏ်ရာရ) တို့ဖြစ်ကြသည်။

     အကြမ်းဖက်အဖွဲ့များဖြစ်သည့် NUG နှင့် CRPH လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ၎င်းတို့အပေါ် အားပေးထောက်ခံမှုမရှိသည့် ဒေသခံပြည်သူများအား ဖမ်းဆီးသတ် ဖြတ်၊ ညှင်းပန်းနှိပ်စက်ခြင်း၊ မြို့၊ ရွာများအတွင်း ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခြင်း၊ လက် နက်ကြီးများ၊ ဒရုန်းများ အသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်း စသည့်အကြမ်းဖက်လုပ်ရပ်များအား အဆင်အခြင်မဲ့စွာ လုပ်ဆောင်လျက်ရှိသည်။

      ၂၀၂၃ ခုနှစ်၊ ဧပြီလတွင်လည်း PDF အမည်ခံအကြမ်းဖက်သမားများက အဆိုပါကြွယ်ပုံကျေး ရွာအား  Drop Bomb  များ ပစ်ချတိုက် ခိုက်ခဲ့မှုကြောင့် အေးချမ်း စွာနေထိုင်နေကြသော အပြစ်မဲ့ပြည်သူ ကလေးငယ် ၅ ဦးအပါအဝင် ၈ ဦး သေဆုံးပြီး   ၃၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

       အလားတူ စက်တင်ဘာ ၁၆ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ခရုတုတ်ကျေးရွာမှ သံဃာတော်တစ်ပါးသည် ကူမဲမြို့သို့ သွားရောက်စဉ် PDF အမည်ခံအကြမ်း ဖက်သမားများက လက်နက်ငယ်ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဆိုင်ကယ်တစ်စီး၊ ဖုန်းနှင့်ငွေများအား လုယက်ယူဆောင်သွားခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်ခဲ့မှုကြောင့် ဆရာတော် ဘဒ္ဒန္တကောဝိဒ သည် ရရှိဒဏ်ရာ များဖြင့် ပျံလွန်တော်မူခဲ့ပြီး ဆိုင်ကယ်ဖြင့်လိုက်ပါပို့ဆောင်သူ အမျိုးသားတစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့သည်။

      ထို့အတူ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့ နယ်၊ မှန်ကင်းကျေးရွာ၌ အမျိုးသမီး ၁ ဦးသည် နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်း ဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ် သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။

      PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် သံဃာတော်အပါအဝင် ရိုးသားစွာလုပ်ကိုင်စားသောက်လျက်ရှိသည့် ဒေသခံပြည်သူများအား ယခု ကဲ့သို့ ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းသည် စစ်ရာဇဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ပြီး အဆိုပါ လုပ်ရပ်များအပေါ် ဒေသခံပြည်သူများအနေဖြင့် ရွံ့ရှာစက် ဆုပ်မုန်းတီးလျက်ရှိပြီး ၎င်းတို့၏အကြမ်းဖက်လုပ်ရပ်များပေါ် ပြည်သူလူထုတစ်ရပ်လုံးက လက်ခံနိုင်ခြင်းမရှိ သည့်အတွက် တပ်မတော်၏အကြမ်းဖက် ချေမှုန်းရေးစစ်ဆင်မှု (Counter– Terrorism Operation) ဆောင်ရွက်ရာတွင် အားတတ်သရော ပူးပေါင်းပါဝင် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

#PAN