အကြမ်းဖက်သမား PDF များက ဆရာတော် တစ်ပါးအား သတ်ဖြတ်ပြီး ဆိုင်ကယ်နှင့်ငွေသားများ ယူဆောင်ထွက်ပြေး


(ပြည်တွင်း) စက်တင်ဘာလ ၁၇

ယမန်နေ့က မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကူမဲမြို့ ၊ စိန္ဒာမယာမကျောင်းတိုက်တွင် သီတင်းသုံးလျက်ရှိသည့် ဆရာတော်တစ်ပါးအား အကြမ်းဖက်သမား PDF များက ပစ်ခတ်သတ်ဖြတ်ပြီး ဆိုင်ကယ်နှင့် ငွေသားများကို ယူဆောင်ထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဆရာတော် ဥူးကောဝိဒ၊ သက်တော် ၆၂ နှစ်၊ ဝါတော် ၃ ဝါသည် တပည့်ဒကာဖြစ်သူ ဦးညွှန်လှိုင်၊ အသက် ၄၂ နှစ်နှင့်အတူ ဈေးဝယ်ရန် ထွက်ခွာလာခဲ့စဉ် ကဇွန်းကျေးရွာနှင့် မယ်ဇယ်ပင်သာလကျေးရွာ ကြားအရောက်တွင် အကြမ်းဖက်သမား PDF ၃ ဦးမှ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာခဲ့ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့သဖြင့် ဆရာတော်ဉူးကောဝိဒမှာ ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် အဆိုပါနေရာတွင်ပင် ပျံလွန်တော် မူသွားခဲ့ပြီး အကြမ်းဖက်သမားများမှ ဆိုင်ကယ်၊ ဖုန်း နှင့် ငွေ ၁၅၀၀၀၀ ကျပ်ကို ယူဆောင်ထွက်ပြေးသွားခဲ့ကြောင်း သိရှိရသည်။

Telegram»…
https://t.me/positiveanglenews

PAN