ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းနိုင်ကြောင်း အသိပေးကြေညာ

******************************
(ပြည်တွင်း) စက်တင်ဘာ ၁၄

မြန်မာနိုင်ငံအတွင်း ရာဂီမုန်တိုင်းနှင့်ဆက်စပ်ပြီး ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့တာကြောင့် အဆိုပါ ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းလိုသူများအနေဖြင့် အလှူငွေနှင့် အလှူပစ္စည်းများ လှူဒါန်းနိုင်ကြောင်း အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီက ထုတ်ပြန်ထားပါတယ်။ 

အလှူငွေများကို မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် လှူဒါန်းလိုပါက KBZ Pay၊ Wave Money တို့ဖြင့် လှူဒါန်းနိုင်ပြီး အခြားသော အီလက်ထရောနစ်ငွေပေးချေမှုစနစ်နဲ့ မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့်လည်း လှူဒါန်း နိုင်ရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဘဏ်များမှတစ်ဆင့် လှူဒါန်းလိုပါက မြန်မာစီးပွားရေးဘဏ်သို့ တိုက်ရိုက်လှူဒါန်းခြင်း၊ ပြည်တွင်းရှိ နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိကပိုင်ဘဏ်များမှ ဖွင့်လှစ်ထားသော ကျပ်ငွေစာရင်း များမှ စာရင်းပြောင်းနည်းလမ်းများဖြင့် လှူဒါန်းနိုင်သလို နိုင်ငံခြားငွေဖြင့် လှူဒါန်းလိုပါက မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်၊ ရန်ကုန်မြို့ရှိ ဖွင့်လှစ်ထားသော ငွေစာရင်းအမှတ်သို့ နိုင်ငံခြားငွေများဖြင့် တိုက်ရိုက် လှူဒါန်းနိုင်မှာ ဖြစ်ပါတယ်။ 

အလှူပစ္စည်းများကို သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များသို့ ဆက်သွယ် လှူဒါန်းနိုင်သလို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၃)၊ နေပြည်တော်သို့ လည်းကောင်း၊ ဗဟိုသိုလှောင်ရုံ(ရန်ကုန်မြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အမှတ်(၃)ရပ်ကွက်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ ရန်ကုန်မြို့နှင့် ဗဟိုသိုလှောင်ရုံ(မန္တလေးမြို့)၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ (၆၅)လမ်း၊ ၃၄x၃၅ ကြား၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်၊ ချမ်းအေးသာစံမြို့နယ်၊ မန္တလေးမြို့ရှိ ဌာနများသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။ 

အလှူငွေနှင့်အလှူပစ္စည်းများအား လှူဒါန်းလိုသူများအနေဖြင့် ဆက်သွယ်လှူဒါန်းနိုင်ရန် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ဆက်သွယ်လှူဒါန်းနိုင်မည့် လူ/ပုဂ္ဂိုလ်များကိုလည်း နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် ထုတ်ပြန်ထားရှိပါတယ်။ 

ရေဘေးသင့်ပြည်သူများအတွက် သက်ဆိုင် ရာမှ ကယ်ဆယ်ရေးစခန်း ၁၈၇ ခုဖွင့်လှစ်ထားရှိပြီး ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေတာဖြစ်ပါတယ်။ လက်ရှိတွင် အသင်းအဖွဲ့များ၊ စေတနာရှင်များ၊ အနုပညာရှင်များနှင့် လုပ်ငန်းရှင်များအနေဖြင့် ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းမှုများကို အသီးသီး ဆောင်ရွက်လျက်ရှိနေပါတယ်။ MNA၊ Mingalar နှင့် MAI လေကြောင်းလိုင်းများက ရေဘေးကယ်ဆယ်ရေး ပစ္စည်းများအား အခမဲ့သယ်ဆောင်ပေးမည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၃ ရက်တွင် ထုတ်ပြန်ထားရှိပြီး နေပြည်တော် NEW DAY စက်သုံးဆီဆိုင်က ရေဘေးသင့်ပြည်သူများကို ကူညီဆောင်ရွက်ပေးသည့် အသင်းအဖွဲ့ များ၏ မော်တော်ယာဉ်များကို စက်သုံးဆီများအခမဲ့ လှူဒါန်းမှုများ ဆောင်ရွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။

Telegram»…
https://t.me/positiveanglenews

PAN