ဟားခါးမြို့ ပြည်နယ်အစိုးရရုံးကို CDF အဖွဲ့မှ လာ​ရောက်ပစ်ခတ်မှုဖြစ်ပွား


စက်တင်ဘာ ၁၄

     ယမန်​နေ့ည ၈ နာရီ ၃၀ မိနစ် အချိန်ခန့်တွင် ဟားခါးမြို့ ပြည်နယ်အစိုးရရုံးကို CDF အဖွဲ့မှ လာ​ရောက်ပစ်ခတ်ခဲ့ရာ ညပိုင်း ၉ နာရီ ၁၀ မိနစ်ခန့်အထိ အအပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်းသိရသည်။

     ဟားခါး View Point အနီးတွင် ယမန်​​နေ့မနက်ပိုင်း ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဆွဲမိုင်း တစ်ခု​ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုမရှိကြောင်းသိရသည်။  ​ထိုသို့ ပေါက်ကွဲပြီး ခဏအကြာတွင် အကြမ်းဖက် CDF အ​ယောက် ၂၀ ခန့်က လက်နက်ကိုယ်စီနှင့် ထွက်လာ​ကြောင်း ၎င်းတို့မှာ Microwave ရုံးပျက်အတွင်း ပုန်း​နေခြင်း ဖြစ် ကြောင်း၊ ထို့​နောက် မြို့​ဟောင်းဖက်ကို ၎င်းအကြမ်းဖက် CDF အဖွဲ့များ ဆင်းသွား​ကြောင်း
ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

     အကြမ်းဖက်CDF အဖွဲ့များသည် ​ယောင်ပြပြီး ​သေနတ်​ခတ်လိုက် အခြား​နေရာသို့​ ရွှေ့ပြီး ​သေနတ်​ခတ်လိုက်လုပ်​​နေကြောင်း၊ လုံခြုံ​ရရေးအဖွဲ့များကလည်း ညပိုင်း​ဆိုတော့ မှိုင်း​တွေအရမ်းပိတ်​တော့ ​ပေ ၂၀ ​တောင်မမြင်ရကြောင်း ဒေသခံက တစ်ဦးက PAN သို့ ပြောကြားလာခဲ့ပါသည်။

       ယမန်​နေ့မနက်ပိုင်း ပစ်ခတ်မှုဖြစ်စဥ်​ကြောင်း အသက် ၇၂ နှစ်အရွယ် ​ထွေအုပ်အငြိမ်းစား ၁ ဦး အိပ်ယာ​ပေါ်တွင်ကြည်ထိမှန်ပြီ ​သေဆုံးသွားခဲ့သည်ဟု အဆိုပါ ​ဒေသခံ​များ၏ပြောပြချက်အရ သိရပါသည်။

Telegram»…
https://t.me/positiveanglenews

#PAN