နိုင်ငံပေါင်း ၃၄ နိုင်ငံက BRICS အဖွဲ့သို့ဝင်ရောက်ရန် စိတ်ဝင်စားနေ

(နိုင်ငံတကာ)စက်တင်ဘာ ၁၃

     ကမ္ဘာ့နိုင်ငံပေါင်း ၃၄ နိုင်ငံက BRICS အဖွဲ့သို့ တစုတဝေးတည်း သို့မဟုတ် အခြားသောပုံစံဖြင့်ဝင်ရန် စိတ်ဝင်စားမှုများ ရှိနေသည်ဟု ရုရှားသမ္မတ ဗလာဒီမာပူတင် က စက်တင်ဘာလ ၁၂ ရက်တွင် ပြောသည်။ ရုရှား နိုင်ငံက BRICS အဖွဲ့၏ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်စဉ် တာဝန်ဝတ္တရားများအနက် ၇၀ ရာခိုင်နှုန်းကျော်ကို ဖြည့်ဆည်းပေးထားနိုင်ပြီဖြစ်ကြောင်း ပူတင် က လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ထိုအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်တွေ့ဆုံစဉ်ပြောခြင်း ဖြစ်သည်။

      ထို့ပြင် BRICS အဖွဲ့သည် ဆိုက်ဘာ ရာဇဝတ်မှုအပါအဝင် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုများကို တုံ့ပြန်ရေးနှင့် အကြမ်းဖက်မှုကို တိုက်ဖျက်ရေးတို့တွင် အတွေ့အကြုံကောင်းများ ရရှိထားပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

      BRICS အဖွဲ့၏ ထိပ်သီးညီလာခံကို အောက်တို ဘာလ ၂၂ ရက်မှ ၂၄ ရက်အထိ ရုရှားနိုင်ငံ၌ ကျင်းပသွားမည် ဖြစ်ပြီး ထိုညီလာခံပြီးပါက ရုရှား၏ အလှည့် ကျဥက္ကဋ္ဌတာဝန် ပြီးဆုံးမည်ဖြစ်သည်။ ထိုထိပ်သီး ညီလာခံသို့ တရုတ် သမ္မတ ရှီကျင့်ဖျင် လည်း တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ထားသည်ဟု Sputnik သတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN