ပိတ်ဆို့မှုနှင့် ဒေါ်လာအပေါ်မှီခိုမှုကင်းသည့် ငွေပေးချေမှုစနစ်သစ်ကို ၁၅၉ နိုင်ငံက အသုံးပြုမည်

(နိုင်ငံတကာ) စက်တင်ဘာ ၁၂

ဒေါ်လာအပေါ်မှီခိုမှုကင်းသည့် ငွေပေးချေမှု စနစ်သစ်ကို နိုင်ငံပေါင်း ၁၅၉ နိုင်ငံက လက်ခံအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။ထွန်းသစ်စ ဈေးကွက်နိုင်ငံများအုပ်စုဖြစ်သည့် (ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက)တို့နှင့်ဖွဲ့စည်းထားသည့် BRICS အဖွဲ့က အတည်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါငွေပေးချေမှုစနစ်သစ်အား ကျင့်သုံးမည်ဟုယခင်ထုတ်ပြန်ခဲ့မှုများတွင် နိုင်ငံပေါင်း ၁၆၀ ပါဝင်မည်ဟု ထွက်ခဲ့သော်လည်း နောက်ဆက်တွဲ အစီရင်ခံချက်များတွင် ပါဝင်သည့်အရေအတွက်ကို ရှင်းလင်းဖော်ပြခဲ့ခြင်းတွင် ၁၅၆ ကျင့်သုံးမည်ဖြစ်သည်ဟုသိရသည်။

ငွေပေးချေမှုစနစ်သည် ဒေါ်လာအပေါ် အမှီအခိုပြုခြင်းမှ လျှော့ချရေး အတွက် အဖွဲ့၏ ကြိုးပမ်းချက်များအတွက် အရေးပါပြီး ယင်းစနစ်တွင် ပါဝင်သည့်နိုင်ငံများသည် ပြည်တွင်းငွေကြေးဖြင့် ကုန်သွယ်ရောင်းဝယ်ရန် လမ်းခင်းပေးမည်ဖြစ်သည်။

ထို့ကြောင့် ပါဝင်သည့်နိုင်ငံများ၏ ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုများဖြေရှင်းရာတွင် ကြီးမားစွာ အကျိုး သက်ရောက်စေမည်ဖြစ်ပြီး ယင်းစနစ်သည် ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ပိတ်ဆို့ဒဏ်ခတ်ခံရမှုများကြောင့် ကုန်သွယ်မှုဆိုင်ရာ စွမ်းဆောင်ရည်များကို ကြီးကြီးမားမားသက်ရောက်နေခဲ့သည့် ရုရှားနိုင်ငံအတွက် အရေးပါလိမ့်မည်ဖြစ်သည်။

ယင်းစနစ်ကိုအသုံးချခြင်းသည် ဒေါ်လာငွေ ခွဲထုတ်ရေး ကြိုးပမ်းမှုများကို လက်ခံကျင့်သုံးခြင်း၏ အဓိကအကြောင်းရင်းဖြစ်သည်။

နိုင်ငံပေါင်း ၂ဝ ကျော်သည် BRICS ပေးချေမှုပလက်ဖောင်းတွင် ပါဝင်ရန် စီစဉ်ထားမည်ဖြစ်ကြောင်းအတည်ပြုချက်တွင် ဖော်ပြခဲ့သည်။ ထိုနိုင်ငံများကိုရှင်းလင်းစွာ မဖော်ပြသော်လည်း ယခုနှစ်အတွင်း အဖွဲ့သို့ဝင်ရောက်ရန် ကြိုးပမ်းနေသည့် နိုင်ငံများ ပါဝင်ဖွယ်ရှိသည်။

ဗင်နီဇွဲလား၊ မလေးရှား၊ ထိုင်း၊ နိုင်ဂျီးရီးယားနှင့် တူကီယေးကဲ့သို့ နိုင်ငံများသည် အဖွဲ့သို့ ဝင်ရောက်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

#PAN