ကျောက်တန်းတွင် ၂ လောင်းပြိုင်လူသတ်မှုဖြစ်ပွား

(မှုခင်း) စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ရွာသစ်ကလေးကျေးရွာအုပ်စုကြာကန်ရွာကွင်းအမှတ်(၅၈၆)ရှိ လယ်စောင့်တဲတွင် ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ၂ လောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ရာနေရာသို့ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူ ဦးမရမ်းသီး (ခ) မောင်မဲ (၅၉) နှစ်၊ လယ်ယာလုပ်ကိုင်သူနှင့် ဒေါ်မိုးမိုးအေး(ခ) ဒေါ်မေရီ အသက် (၄၁)နှစ် ကိုင်ဆောင်သူနှစ်ဦးသည် ၎င်းတို့နေထိုင်ရာလယ်စောင့်တဲတွင် လည်ပင်းပျက်ရှ ဒါဏ်ရာများနှင့် သေဆုံးနေသည်ကိုတွေ့ရှိခဲ့ရကြောင်း သိရသည်။

သေဆုံးသူများ၏ ရုပ်အလောင်းများအား ကွနှီးကျေးရွာ ထာဝရမေတ္တာနာရေးကူမှုအသင်းကားဖြင့် ကျောက်တန်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းတို့ (၂)ဦးအား သတ်ဖြတ်သွားသသည့်တရားခံများအားဖမ်းဆီးရမိရေး ကမာကလုတ်နယ်မြေရဲစခန်းမှ (ပ) ၇/၂၀၂၄ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ထားကြောင်းသိရသည်။

အောင်မောင်း(ရာမညမြေ)