ရေကြီးရေလျှံမှု နှင့် မြွေအန္တရာယ်


(ပြည်တွင်း) စက်တင်ဘာ ၁၁

မြွေတွေဟာ မုန်တိုင်း၊ ရေကြီးရေလျှံမှုများ ဖြစ်ပြီးသည့်အခါတိုင်း မကြာခဏ နေရာရွှေ့ပြောင်းတတ်ကြပါတယ်။
ထိုသို့ မိုးကြီးရေလျှံမှုဖြစ်ပွားခြင်းကြောင့် များစွာသော တိရိစ္ဆာန်တွေဟာ လုံခြုံတဲ့အမိုးအကာတွေအောက်မှာ ပြောင်းရွှေ့ ရင်း လူတွေနဲ့နီးကပ်တဲ့ နေရာကိုရောက်ရှိတတ်ကြပါတယ်။

ရေလွှမ်းမိုးပြီးနောက် ရေမြင့်တဲ့လမ်းမဘေးက အိမ်များ၊ ဂိုထောင်များ၊ စပါးကျီများ၊ တင်းကုပ်အိမ်များ နှင့် ပျက်စီးနေတဲ့ အဆောက်အဦးပျက်တွေဟာ မြွေတွေခိုအောင်းနေနိုင်အောင် အဓိကဆွဲဆောင်နေတဲ့ နေရာတွေပဲ ဖြစ်ပါတယ်။

ရေလွှမ်းမိုးမှုနှင့် မုန်တိုင်းကြောင့် ပြန့်ကျဲနေသော အပျက်အစီးများအောက်တွင် မြွေများ ခိုအောင်းနေနိုင်တာကြောင့် အပျက်အစီးများဖယ်ရှားရှင်းလင်းရာတွင် မြွေအန္တရာယ်ကို များစွာ သတိထားသင့်ပါတယ်။

မြွေအန္တရာယ်မှ ကာကွယ်ရန်

မုန်တိုင်းတိုက်/ရေမြုပ်နေစဉ်အတွင်းမှာ

၁. ညဘက်ခြံထဲဆင်းလျှင် ကြည်လင်စွာမြင်ရသော ထိန်လင်းသော ဓါတ်မီးသုံးဆင်းပါ။

၂. ရေမြုပ်နေတဲ့ နေရာကို ခြေဗလာနဲ့ဆင်းတာတွေမပြုလုပ်ပါနဲ့။ (ရာဘာဖိနပ်ရှည်ဖြစ်နိုင်ရင်သုံးပေးပါ။) အခုလေးတင် admin အသိ ရေ မြုပ်နေတဲ့နေရာခဏဆင်းတာမြွေကိုက်ခံလိုက်ရလိုပါ။

၃. ရေတွင်မျောပါလာသော သစ်တုံးများ တခြားအရာဝတ္တုများကို မကိုင်တွယ်ပါနဲ့။ မတက်နင်းပါနဲ့။ မြွေတွေပါလာတတ်ပါတယ်။

၄. မိမိတိုရဲ့ အိမ်တံခါးများ မြွေခိုအောင်းနိုင်သောနေရာများကို စစ်ဆေးပါ။

၅. ရေနဲ့မျောပါလာတဲ့အမှိုက်တွေရှင်းတဲ့အခါ လက်နဲ့ကောက်ယူရှင်းတာမျိုးတွေမလုပ်ပါနဲ့။ မြွေခိုအောင်းနေနိုင်ပါတယ်။

၆. ညဖက်အိပ်လျှင်ခြင်ထောင်အနားများကို ဖျာအောက်ကိုထည့်ပြီး အိပ်ပါ။ ဘေးပတ်ပတ်လည်တွင်ဖက်လုံးများ ဖြင့်ဖိထားပြီးအိပ်ပါ။

#Myanmar Red Cross Society

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN