ငွေသောင်ယံဆိပ်ကမ်းတွင် ဓါက်ဆီတင် စက်လှေတစ်စီး မီးလောင်မူ့ဖြစ်ပွားခဲ့ပြီး လူ ၂ ဦး မီးလောင် ဒါက်ရာများရရှိ


(ပြည်တွင်း) စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၊ ငွေသောင်ယံဆိပ်ကမ်းတွင် ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ဒီဇယ်၊ ဓါက်ဆီတင် စက်လှေတစ်စီး မီးလောင်မူ့ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ယနေ့နံနက် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်မှစတင်ပြီး နံနက် ၇ နာရီအချိန်ခန့်အထိ ဒီဇယ်၊ ဓါက်ဆီတင် စက်လှေတစ်စီး မီးလောင်မူ့ဖြစ်ပွားခဲ့ပြီး မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်လျှက်ရှိကြောင်း သိရှိရသည်။

အဆိုပါ မီးလောင်လျက်ရှိသော စက်လှေမှာ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ကတ္တရာချောင်းဝ တည့်တည့်ရေလည်၌ နစ်မြုပ်သွားကြောင်းသိရပြီး စက်လှေပေါ်ရှိ လူ ၂ ဦးမှာ မီးလောင် ဒါက်ရာများရရှိခဲ့သောကြောင့် ငပုတောဆေးရုံသို့ ပို့ဆောင်၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရှိရသည်။

ရွှေကျွန်းသူ

Telegram»…
https://t.me/positiveanglenews

PAN