အကြမ်းဖက် PDF အဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားတစ်ဦးနှင့် ဝန်ထမ်းတစ်ဦး သေဆုံး


(ပြည်တွင်း) စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အကြမ်းဖက် PDF များ၏ ဖမ်းဆီးသတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူတစ်ဦးနှင့် ဝန်ထမ်းတစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က ကြီးအုံကြီးဝတမံ ရေအားလျှပ်စစ်ဝန်ထမ်းများဖြစ်ကြသော ကိုစိုင်း နှင့် ဇနီးဖြစ်သူ ဒေါ်သင်းသင်းအေး တို့နှစ်ဦးအား PDF အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ အမျိုးသားဖြစ်သူ ကိုစိုင်း မှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဇနီးဖြစ်သူမှာ ပစ်ခတ်ခံရသဖြင့် သေဆုံးသွားခဲ့ရကြောင်း သိရသည် ။

အလားတူ ယင်းနေ့နံနက် ၆ နာရီခန့်တွင် မဲဇလီအုပ်စု ၊ လယ်မကျေးရွာမှ ကိုရာဇာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူသည် ရွာမြောက်ဘက်ရှိ ဆိုလာစက်ရုံသို့သွားရောက်စဥ် အကြမ်းဖက် PDF အဖွဲ့မှ သေနတ်ဖြင့် ၄ ချက်ခန့် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ရကြောင်း သိရသည်။

ဇေယျာရွှေပြည်

Telegram»…
https://t.me/positiveanglenews

PAN