“ဝ” တိုင်းရင်းသားအများစုလိုက်ပါလာသည့် စက်လှေတစ်စီး မဲခေါင်မြစ်အတွင်း နစ်မြုပ်


(ပြည်တွင်း)စက်တင်ဘာ ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု နှင့် နယ်နိမိတ်ထိစပ်နေသော မြန်မာ-လာအို-ထိုင်း (၃)နိုင်ငံဆုံရာ မဲခေါင်မြစ်အတွင်း လာအိုဘက်အခြမ်းတွင် ယမန်နေ့မွန်းလွဲ ၃ နာရီ ၃၅ မိနစ်အချိန်ခန့်က လူ ၄၀ ဦးခန့်တင်ဆောင်လာသည့် စက်လှေ (၁)စီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စက်လှေပေါ်လိုက်ပါသူအများစုမှာ “ဝ” တောင်ပိုင်း ဒေသမှ “ဝ” တိုင်းရင်းသားများအများစုဖြစ်ကြောင်း စက်လှေပေါ်ပါလာသူများကို လာအို ဖက် တာ၀န်ရှိသူများမှ အရေးပေါ်ကယ်ဆယ်ရေး လုပ်ဆောင်ပေးခဲ့ကြောင်း ယနေ့ထိ ပျောက်ဆုံး ဦးရေအတိအကျကို အတည်မပြုနိုင်းသေးကြောင်း သိရှိရသည်။

ဇေယျာရွှေပြည်

Telegram»…
https://t.me/positiveanglenews

PAN

SZ