ဩဂုတ်လအတွင်းဖြေဆိုခဲ့သော Nat-Test စာမေးပွဲ၏ Certificate နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်ကြောင်း ကြေညာ


(ပြည်တွင်း) စက်တင်ဘာ ၃

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်က ဖြေဆိုခဲ့တဲ့ ဂျပန်ဘာသာအရည်အချင်းစစ်(Nat-Test) စာမေးပွဲ၏ Certificate Level အလိုက်နှင့် အမှတ်စာရင်းများကို ထုတ်ယူနိုင်သည့် ရက်များအား Nat-Test Center Yangon မှ အသိပေးကြေညာထားကြောင်း သိရပါတယ်။

အဆိုပါ Nat-Test စာမေးပွဲ၏ Certificate များနှင့် အမှတ်စာရင်းများကို N2 Level နှင့် N4 Level ကို ဩဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၁ ရက်၊ N3 Level ကို စက်တင်ဘာလ ၂ ရက်နှင့် ၃ ရက်၊ N5 Level အတွက် စက်တင်ဘာလ ၄ ရက်နှင့် ၅ ရက်အထိ နံနက် ၁၀ နာရီမှ ညနေ ၄ နာရီခွဲအထိ လာရောက်ထုတ်ယူနိုင်ပါတယ်။

Level အလိုက် Certificate ထုတ်ယူရန် သတ်မှတ်ထားသောရက်ပြီးပါက စက်တင်ဘာလ ၆ ရက်မှစပြီး Level အားလုံး၏ Certificate များကို ခြောက်လအတွင်း လာရောက်ထုတ်ယူနိုင်ပါတယ်။

လိုအပ်သောအချက်အလက် များမှာ ကိုယ်တိုင်လာရောက်ထုတ်ယူပါက မှတ်ပုံတင်မိတ္တူတစ်စောင်(သို)မူရင်း ယူဆောင်လာရမည်ဖြစ်ပြီး ကိုယ်စား လာရောက်ထုတ်ယူလိုသူများအနေဖြင့် ဖြေဆိုသူ၏ မှတ်ပုံတင်မိတ္တူ တစ်စောင်၊ ကိုယ်စားလာရောက်ထုတ်ပေးသူ၏ မှတ်ပုံတင်မိတ္တူတစ်စောင်တိုကို ယူဆောင်လာရမှာဖြစ်ပြီး ခုံနံပါတ်မှန်ကန်စွာသိရှိရန် လိုအပ်ကြောင်းနှင့် လူဦးရေ နှစ်ယောက်ထက်ပို၍ ကိုယ်စားထုတ်ပေး၍ မရကြောင်းကိုလည်း အသိပေးထားပါတယ်။

သင်တန်းကျောင်းများအနေဖြင့် မိမိတို၏ ကျောင်းသားလူဦးရေ List ကို Letter Head ဖြင့်၊ ခုံနံပါတ်များ အတိအကျဖြင့် တစ်ရက်ကြိုတင် လာရောက်ပေးပို့ရန်လိုအပ်ကြောင်း ဖော်ပြထားပြီး အမှတ် B-11၊ မြေညီထပ်၊ အနော်ရထာအိမ်ရာ၊ လှည်းတန်း(အင်းစိန်လမ်း-လှည်းတန်းမှတ်တိုင်အနီး)၊ ကမာရွတ်မြိုနယ်၊ ရန်ကုန်တွင် ထုတ်ယူနိုင်ပြီး လိုအပ်သည့်အချက်အလက်များ မပြည့်စုံပါက အောင်လက်မှတ်နှင့် အမှတ်စာရင်းများကို မည်သို့သော အကြောင်းကြောင့်မှ ထုတ်ပေးမည်မဟုတ်ကြောင်း အသိပေးထားပါတယ်။

ဆွေဇင်

Telegram»…
https://t.me/positiveanglenews

PAN