မြစ်ကြီးနားမြို့ပေါ်ကို KIA မှ လက်နက်ကြီးဖြင့်ပစ်ခတ်


(ပြည်တွင်း) စက်တင်ဘာ ၂

OLYMPUS DIGITAL CAMERA

အကြမ်းဖက်သောင်းကျန်းသူ KIA တို့မှ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ပြည်သူများအားပစ်မှတ်ထားကာ လူနေရပ်ကွက်အတွင်းသို့ လက်နက်ကြီးများဖြင့် ၂ ရက် ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့နှင့် ၃၁ ရက်နေ့ထိ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူ KIAတို့၏ လက်နက်ကြီးကျည်များသည် ရွှေညောင်ပင် ရပ်ကွက် တရုတ်စာသင်ကျောင်း၏ အောက်ချိုင့်နေရာ၊ ကြက်ပေါင်ခြံရပ်ကွက် မြစ်ကမ်းနံဘေးနေရာနှင့် ဂေါ်ရခါးနှစ်ခြင်းအသင်းတော် ဘုရားကျောင်းအနီးတို့တွင် ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

မြို့ပေါ်ရှိ လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးမျဖြင့်ပသ်ခတ်တိုက်ခိုက်သည့် KIA အကြမ်းဖက်သောင်းကျန်းသူများအား မြို့နေပြည်သူများမှ အပြင်းအထန်ကန့်ကွက်ရှုံချနေကြကြောင်း သိရသည်။

အောင်မောင်း(ရာမညမြေ)

Webpage>>…
https://positiveanglenews.com/2024/09/02/လိုင်စင်မဲ့အရက်ဆိုင်တွ/

VK Link>>…
https://vk.com/wall-220066330_7916

Telegram»…
https://t.me/positiveanglenews

PAN

SZ